>De Let Myo – Crocodile POem

>

ဖွတ်မိကျောင်း
ဒီလက်မျိုး
စက်တင်ဘာ ၂၉၊ ၂၀၁၀
ဖွတ် မိကျောင်းဖြစ်
မြစ် မချမ်းသာ ဆိုတဲ့စကား
တကယ်ဖြစ်နေတဲ့ ခေတ်မှာ
မင်းက မိကျောင်းအစစ်လည်း မဟုတ်ပြန်တော့
ရေခင်းပြ လို့ ကလည်းမရ။
ဘီယာ ကြိုက်တယ်
ကဗျာ ကြိုက်တယ်
မာယာ ကြိုက်တယ်
ပြီးတော့ …
အသပြာလည်း ကြိုက်သေးရဲ့။
တကယ်တမ်းကျတော့
မင်းဟာ မိကျောင်းလောက်သာ အကောင်ကြီးပေမယ့်
မိကျောင်းလို အားမရှိ
မိကျောင်းလို သတိမရှိ
မိကျောင်းလို မရဲရင့်
ဖွတ်စိတ် ဖွတ်ဉာဏ်နဲ့ သာ
မိကျောင်းယောင်ဆောင် ခဲ့ရတာကိုး
ဒီတော့ …
မင်းနာမည်ဟာလည်း ဖွတ်မိကျောင်း ပေါ့ကွယ်။
ဖွတ်မိကျောင်းရယ်
မင်းဘ၀က ဆင်းရဲလွန်းလှပါတယ်။
တောင်ပေါ်စမ်းချောင်းလေး ဘေးက
တကောင်ကျမလေး ကိုတောင်
မပိုင်ဆိုင်လိုက်ရတဲ့ ဘ၀မှာ
စားကြွင်း စားကျန်ကလွဲလို့
မင်းရဲ့မနက်စာတွေက ချို့တဲ့လွန်းလှပါရဲ့။
ခုတော့လည်း
ဖွတ် မိကျောင်း ဖြစ်
မြစ် မချမ်းသာတဲ့ခေတ် မှာ
မိကျောင်းယောင်ဆောင်
ပျော်ပျော်သာ နေထိုင်လိုက်ပါတော့ ဖွတ်မိကျောင်း။    ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts