>Dawel Sayardaw – Funeral Service

>

ငါးကျမ်းပြန် (ထားဝယ်) ဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မူ
ကျော်သူ
စက်တင်ဘာ ၂၇၊ ၂၀၁၀

သင်္ဃန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန် (ထားဝယ်) သာသနာ့ရိပ်သာကြီးနှင့် သင်္ဃန်းကျွန်းမြို့နယ် သြဝါဒစရိယ ဘဒ္ဒန္တသုမင်္ဂလ သက်တော် ၉၃ နှစ်၊ သိက္ခာတော် ၇၃ ဝါ ဆရာတော်ကြီးသည် ၂၂. ၉. ၂၀၁၀ (ဗုဒ္ဓဟူးနေ့) ညနေ ၃း၁၅ နာရီတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားပါသဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ရွှေကရဝိတ်ဖောင်တော်ဖြင့် ဆရာတော်ဘုရားကြီး ရုပ်ကလပ်တော်အား ၅ ရက်တိုင်တိုင် အပူဇော်ခံထားရှိခဲ့ပြီး အန္တိမအဂ္ဂိဈာပန အခမ်းအနားအား ၂၆. ၉. ၂၀၁၀ (တနင်္ဂနွေနေ့) ညနေ ၄း၀၀ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျောင်းတိုက်မှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ ကိုယ်တိုင် နိဗ္ဗာန်ယာဉ်အား မောင်းနှင်၍ ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ရေဝေးသုဿန်သို့ ပင့်ဆောင်ရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများက ကူညီ ပေးဆပ်ပံ့ပိုးပေးခဲ့ရာ ရပ်ဝေး/နီး တပည့်ရဟန်း သံဃာတော်များ၊ သီလရှင်များ၊ ဒါယကာ၊ ဒါယကာမ အပေါင်းတို့နှင့် စည်းကမ်းရှိရှိ စည်ကားသိုက်မြိုက်စွာ အန္တိမအဂ္ဂိ ဈာပနပူဇာသဘင်အား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts