>Bay Area Burmese Democracy Activists call for 2nd protest against Burmese Regime’s Propaganda Supporters

>

ဆန်ဖရန်ဘေးဧရိယာ၏ မြန်မာ့ဒီမိုကရေစီအရေး အဖွဲ့များက  စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့်ရုပ်ရှင်နှင့် သရုပ်ဆောင်များကို ကန့်ကွက်ရှုတ်ချကြောင်း၊ ထပ်မံဆန္ဒပြမည် ဖြစ်ကြောင်း ထုတ်ပြန်
မိုးမခအထောက်တော် ၀၀၂
စက်တင်ဘာ ၂၃၊ ၂၀၁၀
          ယခင်က ဆန်ဖရန်ဘေးဧရိယာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများက စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့်ကား -အရုဏ်ဦးမှာ ဖူးသည့်ကြာ နှင့် ၀ိုင်းစုခိုင်သိန်း အပါအ၀င် ဇာတ်ကားသရုပ်ဆောင်များကို ကန့်ကွက် ရှုတ်ချကြောင်း လွန်ခဲ့သည် စက်တင်ဘာလဆန်းက သဘောထားထုတ်ပြန်ပြီး ၎င်းတို့၏ ဆန်ဖရန်ဘေးဧရိယာရောက် စတိတ်ရှိုးကို ဆန္ဒြ့ပကန့်ကွက်ခဲ့ပြီး ဖြစ်သည်။
          ယခုတကြိမ်တွင်လည်း အဆိုပါ စတိတ်ရှိုးကို ဘေးဧရိယာတွင် ဒုတိယအကြိမ် ရုံသွင်းပြသဦးမည် ဖြစ်ရာ ဘေးဧရိယာရှိ မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူများက ၎င်းတို့၏ အဖွဲ့အစည်းအမည်များဖြင့် ဆက်လက်ကန့်ကွက်ရှုတ်ချကြောင်း၊ စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့်ချိမှုများ၊ ထောက်ခံအားပေးကြိုဆိုမှုများကို ယခုလည်း လက်မခံကဲ့သို့ နောင်လည်း လက်ခံမည် မဟုတ်ကြောင်း၊ လိုအပ်သလို ဆက်လက်အရေးယူမှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပြီး စက်တင်ဘာ ၂၅ ညနေ ၅ နာရီ မှ ၆ နာရီခွဲ၊ ဒေလီစီးတီး၊ ဆရီမွန်တီ၊ လစ်တီးသီယေတာ ခန်းမရှိရာ ကျောင်းဝင်ပေါက်တွင် ကန့်ကွက်ဆန္ဒပြပွဲကို အားလုံးက ၀ိုင်းဝန်းကြရန် ဖိတ်ခေါ်ကြောင်း ကြေညာထားသည်။
             မြန်မာစစ်အစိုးရသည် တိုင်းပြည်တွင်း၌ ပြည်သူတို့၏ လွတ်လပ်စွာ ဆန္ဒပြ ထုတ်ဖော်ပြသခွင့်ကို ဖိနှိပ်သည်။ ပြင်းထန်စွာ သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက် နှိမ်နင်းသည်။ စစ်အစိုးရ ၀ါဒဖြန့်သရုပ်ဆောင်များက စစ်အစိုးရဘက်မှ အားပေးထောက်ခံကြောင်း သရုပ်ဆောင်ကပြလျက်ရှိသည်။ နှုတ်ပိတ် ချုပ်နှောင်ခံထားရသော မြန်မာပြည်သူများ၊ ရဟန်းသံဃာများကိုယ်စား ပြည်ပရောက် မြန်မာမိသားစုများ၊ မြန်မာ့ဒီမိုကရေစီရေး အဖွဲ့အစည်းများက ယခုကဲ့သို့ စစ်အစိုးးရနှင့် အားပေးထောက်ခံသူများကို ကန့်ကွက်ရှုတ်ချ ဆန္ဒ̔ပြနေခြင်း ဖြစ်သည် ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
          ၎င်းတို့၏ ထုတ်ပြန်ချက်များကို အောက်ပါအတိုင်း ဖတ်ရှူနိုင်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts