>Htun Win Nyein – Thakhin Ohn Myint

>

အချိုးအကွေ့များထဲမှာ သခင်အုန်းမြင့် တိုးတက်ရေးသတင်းစာ ထုတ်ခဲ့စဉ်က
ထွန်းဝင်းငြိမ်း
စက်တင်ဘာ ၂၃၊ ၂၀၁၀

(တစ်) လက်ပံတန်း မှ ရေကျော်သို့

လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်လောက်က လက်ပံတန်းမြို့ အစိုးရအထက်တန်းကျောင်းမှ ကျောင်းသားလေး တဦးသည် တို့ဗမာအစည်းအရုံးမှ စာရွက်များကို ကျောင်းထဲတွင် ဖြန့်ဝေခဲ့လေသည်။ ထိုစာရွက်တွင် (မူရင်းသတ်ပုံ အတိုင်း)

ဗမာပြည်သည် – တို့ပြည်။
ဗမာစာသည် – တို့စာ။
ဗမာစကားသည် – တို့စကား။
တို့ပြည်ကို – ချစ်ပါ။
တို့စာကို – ချီးမြှင့်ပါ။
တို့စကားကို – လေးစားပါ။