Uncategorized

“World AIDS Day 2013” and Nan Khin Zar Yar

“World AIDS Day 2013” အထိမ်းအမှတ် လမ်းလျှောက်ပွဲ နှင့် အလှမယ်နန်းခင်ဇေယျာ
ဓာတ်ပုံသတင်း
ဒီဇင်ဘာ ၁၊ ၂၀၁၃  

 

(Photos Credit to Mie Maung)  “World AIDS Day 2013” အထိမ်းအမှတ် လမ်းလျှောက်ပွဲကို ရန်ကုန်မြို့တွင် စနေနေ့က ပြုလုပ်ရာ အလှမယ်နန်းခင်ဇေယျာက သူလည်း ပါဝင်တက်ရောက်ကြောင်း သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။

လမ်းလျှောက်မည့်အစီအစဉ်ကိုလည်း အောက်ပါအတိုင်း တစ်ရက် ကြိုတင်ပြီး ရေးသားအသိပေးထားသည်။

၂၀၁၃ ဒီဇင်ဘာလ (၁)ရက်နေ့မှာကျရောက်မယ့် “World AIDS Day 2013” အထိမ်းအမှတ် လမ်းလျှောက်ပွဲကို နက်ဖြန် (၃၀.၁၁.၂၀၁၃) နံနက် (၆)နာရီမှာ ကန်တော်ကြီး ကန်ပတ်လမ်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဒီလမ်းလျှောက်ပွဲမှာ NGO အဖွဲ့များမှ အဖွဲ့ဝင်များ၊ AIDS ဝေဒနာရှင်များ နှင့် အတူ နန်းခင် တို့လည်း ပါဝင်လမ်းလျှောက်ကြမှာဖြစ်ပါတယ်




(Photos Credit to Nang Piano)
HIV ပိုးကူးစက်ခံထားရပြီး AIDS ဝေဒနာခံစားနေရသောသူများကို လူ့အသိုင်းအဝိုင်းမှ ဖယ်ကြဉ်မထားပဲ လက်တွဲခေါ်ယူ ဖေးမသင့်ပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ ဒီရောဂါကူးစက်ခံထားရတယ်ဆိုတာကို မေ့လျော့စေပြီး လူ့ဘောင်ကောင်းကျိုးသယ်ပိုးနိုင်သောလူတွေအဖြစ် အားမာန်အပြည့်ဖြင့် အသက်ရှင်သန်ရပ်တည်သွားစေချင်ပါတယ်။ သူတို့တွေ စိတ်ဓာတ်ခွန်အားတွေရစေဖို့အတွက် နန်းခင် တို့တွေ တတ်စွမ်းတဲ့ဘက်က ပူးပေါင်းပါဝင်ဆောင်ရွက်ကြရအောင်နော်။


ဒါကြောင့် “World AIDS Day 2013” လမ်းလျှောက်ပွဲမှာ နန်းခင် ကိုယ်တိုင် သူတို့တွေနဲ့ အတူပါဝင် လမ်းလျှောက်ပါမယ်။

ဝေဒနာရှင်များကို ဖေးမကူညီလက်တွဲလို့ အားအင်တွေပေးကြပါစို့နော်။

“ညချမ်းချိန်ခါမှာ နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်ကြပါစေ” လို့ ဆုတောင်းရင်း နှုတ်ဆက်ပါတယ်။

နန်းခင်ဇေယျာ


နွားထိုးကြီးမြို့ ကျေးလက်ဒေသတစ်ခုသို့ သွားရောက်မည့် သူ၏ အစီအစဉ် နောက်တစ်ခုကိုလည်းအောက်ပါအတိုင်း ရေးသားထားသည်။

မင်္ဂလာပါရှင်။

နန်းခင် နက်ဖြန် ခရီးထွက်ဖို့စီစဉ်ထားတာလေးကို ပြောပြပါရစေရှင်။ ဒီခရီးစဉ်မှာ ကျောင်းသားလူငယ် မောင်ညီမလေးများနဲ့ နန်းခင် တွေ့ဆုံမှာဖြစ်ပါတယ်။ သွားမယ့်ခရီးက နွားထိုးကြီးမြို့နယ် မှ ကျေးရွာကိုသွားမှာဖြစ်ပါတယ်။ ကျောင်းသားလူငယ် မောင်ညီမလေးများနဲ့ တွေ့ဆုံတဲ့ အခါမှာ နန်းခင် ရဲ့ ငယ်စဉ်မှ ယနေ့ထိ ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံများ၊ အခက်အခဲများကို ကြိုးစားဖြတ်သန်းခဲ့ရပုံများ၊ နန်းခင် ရဲ့ လက်ရှိ ကြိုးစားအားထုတ်မှုများကို ပြောပြမှာဖြစ်ပြီး သူတို့လေးတွေ ဘဝ ရည်မှန်းချက်ပန်းတိုင်ထားပြီး အောင်မြင်အောင် ကြိုးစားကြဖို့ တိုက်တွန်းနှိုးဆော်မယ်လို့ စိတ်ကူးထားပါတယ်။ နောင်ဝယ်လူကြီးဖြစ်လာကြမယ့် ယနေ့လူငယ် မောင်မယ်များ ပညာရေးကို ထူးချွန်အောင်ကြိုးစားသင်ယူကြဖို့ နန်းခင် တတ်စွမ်းသလောက် ပြောပြပြီး သူတို့လေးတွေနဲ့ တွေ့ဆုံဖို့စီစဉ်ထားပါတယ်။

“ညချမ်းချိန်ခါမှာ နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်ကြပါစေ။ နံနက်မိုးသောက် အလင်းရောက်သော် ကောင်းစွာ နိုးထနိုင်ကြပါစေ” လို့ဆုတောင်းရင်း နှုတ်ဆက်ပါတယ်။

နန်းခင်ဇေယျာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts