>Ni Lwin Thwe (Dhathanika) – 3rd Anniversary of Saffron Revaluation

>

ရွှေဝါရောင် စက်တင်ဘာ
နီလွင်သွေး(ဒဿနိက)
စက်တင်ဘာ ၂၀၊ ၂၀၁၀

နယ်ချဲ့ခေတ်
ဖက်ဆစ်သံခွာ
အမျိုးသားလွတ်မြောက်ရေးရာဇဝင်
စစ်အာဏာရှင်လက်အောက်မှာ
သံဃာတော် အရှင်သူမြတ်တို့ရဲ့ အခန်းကဏ္ဍ
ပြောင်မြောက်လှတဲ့ အရေးတော်ပုံတိုင်း
သမိုင်းခေတ်ကို ထုဆစ်ခဲ့ကြပေါ့။

ဦးဥတ္တမ
ဦးဝိစာရ
အရှင်ဂမ္ဘီရ
ဦးပညာဇောတ
ဦးဂေါသီတ
သံဃာ့အကျော်
ရဟန်းအာဇာနည်မော်များ။

နယ်ချဲ့ခေတ်
ဗြိတိလျှလက်အောက်
မကြောက်တရားနဲ့
ရဲရဲတောက်တရား
ကရက်ဒေါက် ပြန်သွားလို့
ရဲရင့်ပြောင်မြောက်တဲ့တရားတော်နဲ့
မျိုးချစ်စိတ်ဓာတ်ကိုလှုံ့ဆော်ခဲ့။

နယ်ချဲ့လက်အောက်
မလွတ်မြောက်သေးခင်
ပြန်လွန်တော်မမူခင်မှာ
အမျိုးသားလွတ်မြောက်ရေးအတွက်
လိမ္မာရစ်ကြပါလို့
ဆရာတော်ဦးဝိစာရ
မိန့်မှာတော်မူခဲ့ပေါ့။

၂၀၀၇ စက်တင်ဘာ
ရွှေဝါရောင်တော်လှန်ရေး
ငြိမ်းအေးတဲ့ဓမ္မတေးနဲ့
ပြည်သူ့အရေးအတွက်
လမ်းမထွက် မေတ္တာပို့ဆုတောင်းရင်း
သံဃာတွေထောင်သောင်းမက
စစ်ဘီလူးတို့ လက်ချက်နဲ့ သွေးချောင်းစီးခဲ့ကြပေါ့
ကြိမ်မီးအုံးသလို ပြည်သူတွေအနာတရဖြစ်ခဲ့
ကမ္ဘာမကြေတဲ့ စက်တင်ဘာ
ရွှေဝါရောင်တော်လှန်ရေး
သံဃာတော်တွေသွေးနဲ့ရေးခဲ့။ ။

(၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်မြောက် နှစ်ပတ်လည်နေ့ သံဃာ့အာဇာနည်းများအား ဤကဗျာဖြင့် ရှစ်ခိုးပူဇော်ပါသည်။)

၉၊ ၁၈၊ ၂၀၁၀
စနေနေ့