>Memorial Service for passing of WIn Maw Oo 22 years held in Rangoon

>

ဝင်းမော်ဦး ကွယ်လွန်ခြင်း ၂၂ နှစ်ပြည့် ဆွမ်းကျွေးတရားတော်နာ
အခမ်းအနား စည်ကား
ဘားမားပါပါရာဇီ
စက်တင်ဘာ ၁၉ ၊၂၀၁၀
စက်တင်ဘာ ၁၉ ၊ ၁၉၈၈ တွင် စစ်အစိုးရ၏ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသော အသက် ၁၆ နှစ် အရွယ်ရှိ အခြေခံပညာကျောင်းသူလေး မ၀င်းမော်ဦး ကျဆုံးခြင်း ၂၂ နှစ် ပြည့် အထိမ်းအမှတ်အဖြစ် အမှတ် (၁၀၇၆)၊ အပိုင်း (၃) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်ရှိ ကျန်ရစ်သူမိဘများနေအိမ်၌ ဆွမ်းကပ်တရားတော် နာ ရေစက်ချ အမျှပေးဝေခဲ့ပါသည်။
ဝါးကျောင်းဆရာတော် အမှုးရှိသော ပင့်သံဃာ ၅ ပါးကို ဆွမ်း၊ သင်္ကန်း၊ လှုဖွယ်ဝတ္ထုများဖြင့် ဆက်ကပ်လှုဒါန်းကြောင်း သိရှိရပါသည်။ နအဖစစ် အစိုးရ၏ အထူးစုံစမ်းထောက်လှမ်းရေးများက ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များ၏ ဘွဲ့တော်များကို မေးမြန်းသည်မှအပ အခြားအနှောင့်အယှက်များ  လုပ်ခြင်းမရှိကြောင်းလည်း သိရပါသည်။
ဆွမ်းကပ်တရားတော်နာယူပွဲသို့ သူမ၏အဖွားအရင်းဖြစ်သူ အသက်(၈၈)နှစ်အရွယ်ရှိ ကြည့်မြင်တိုင်မြို့နယ် NLD ပါတီဝင် ဒေါ်နီနှင့် ရှေ့နေကြီး ဘဘဦးအုန်းမောင်၊ ရွှေပြည်သာမှ NLD ပါတီဝင် ရဲရဲတောက်ဦးသိန်းအောင်၊ ကဗျာဆရာ သူရဇ္ဈာန်၊ အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ်၊ NLD ပါတီမှ အမျိုးသမီးခေါင်းဆောင်များ၊ လှိုင်သာယာမြို့နယ်မှ NLD ပါတီဝင်များနှင့် မြောက်ဥက္ကလာမြို့နယ် NLD ပါတီဝင်များ လာရောက်ခဲ့ကြပါသည်။
ရွှေပြည်သာမြို့နယ်မှ NLD ပါတီဝင် ရဲရဲတောက်ဦးသိန်းအောင်က မ၀င်းမော်ဦးအား ဂုဏ်ပြုသောအားဖြင့် “သွေးသစ္စာ” အမည်ရှိ ကဗျာကို၎င်း၊ ကဗျာဆရာ သူရဇ္ဈာန်မှ “အောင်ပွဲရမှ အမျှဝေပါ” အမည်ရသော ကဗျာတို့ကို ရွတ်ဖတ်ပြီး အလေးပြုခဲ့ကြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts