>Kyaw Thu – Than Myint Aung’s Father passes away

>

ပရဟိတ သူရဲကောင်းတဦး မွေးဖွားပေးခဲ့သော ဖခင်ကြီး ကွယ်လွန်ခဲ့ပြီ
ကျော်သူ
စက်တင်ဘာ ၁၉၊ ၂၀၁၀

လူမှုရေး ပရဟိတလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နေသော စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ၏ ဖခင် ဦးချစ်အောင် အသက် (၈၄) နှစ်သည် ယနေ့ ၁၉.၉.၂၀၁၀ (တနင်္ဂနွေနေ့) နံနက် (၀၀း၁၅) နာရီအချိန်၌ ကွယ်လွန်အနိစ္စ ရောက်ရှိခဲ့ပါသည်။

ကျန်ရစ်သော ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသူ/သားများ တို့မှ ဗညားဒလလမ်း၊ တာမွေမြို့နယ် (၆) လွှာ တိုက်နေအိမ် အခန်းမှ ရေဝေး သုဿန် အအေးခန်းသို့ သယ်ယူပို့ဆောင်ခဲ့ပါသည်။ ထိုသို့ သယ်ဆောင်ရာတွင် (၆) လွှာတိုက်မြင့် ဖြစ်ပြီး အတက်အဆင်း လှေကားသည်လည်း မတ်စောက်ခြင်း၊ ကျင်းမြောင်းခြင်းတို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ စင်ကာပူနိုင်ငံရောက် မြန်မာများ လှူဒါန်းထားသည့် ရုပ်အလောင်း ထည့်သည့် ရေလုံဇစ်အိတ်ဖြင့်ထည့်ကာ သယ်ဆောင်ခဲ့သည်။

ယခင် တိုက်အမြင့်များမှ ရုပ်အလောင်းများကို သယ်ဆောင်ရာတွင် အဝတ်ဖြင့် ထုတ်ပိုး၍ ပုဆိုးဖြင့် သိုင်းလျက် သယ်ဆောင်ရသည်ဖြစ်သည့်အတွက် ရုပ်အလောင်း ပြုတ်ကျမည်ကို စိုးရိမ် ရခြင်း၊ ရုပ်အလောင်းမှ ကျဆင်းသော အရည်များပေကျန်ခြင်း စသည့် အခက်အခဲများ ကြုံတွေ့ ခဲ့ရသည်။ ယခုကဲ့သို့ စင်ကာပူနိုင်ငံရောက် မြန်မာများမှ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အထပ်မြင့် အဆောက်အဦးတို့မှ ရုပ်အလောင်းသယ်ဆောင်ရာတွင် အသုံးဝင်မည့် ရေလုံဇစ်အိတ်များ လှူဒါန်းမှုကြောင့် ယခုဆိုလျှင် ရုပ်အလောင်းများ သယ်ဆောင်ရာ၌ များစွာ အဆင်ပြေလျှက် ရှိပါသည်။

စာရေးဆရာမ ဒေါ်သန်းမြင့်အောင်သည် “နာရေးကူညီမှုအသင်း(ရန်ကုန်)”တွင် အတွင်းရေးမှူး တာဝန်ဖြင့် အများအကျိုးကို ပေးဆပ်နေသူ ဖြစ်သည့်အပြင် မိဘမဲ့ HIV ကလေးသူငယ်များ စောင့်ရှောက်သည့် “သုခရိပ်မြုံဂေဟာ” နှင့် ခိုကိုးရာမဲ့ အဘိုးအဘွားများကို စောင့်ရှောက်သော “ဆည်းဆာရိပ်ဂေဟာ”ကို ထူထောင်ထားသူလည်း ဖြစ်သည်။ ယခု စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၏ ဖခင်ကြီး ကွယ်လွန်သွားချိန်တွင် ဆရာမ ခရီးလွန်နေသည်ဖြစ်သည့်အတွက် ဖခင်ကြီး ဦးချစ်အောင်၏ ဈာပန အခမ်းအနား ကျင်းပမည့် နေ့ရက်အား ထပ်မံအကြောင်းကြားမည် ဖြစ်ပါကြောင်း . . . .


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts