>Eleven Weekly readers welcome good news

>

လက်မှတ်မထိုးသဖြင့် ဖမ်းခံရသည့် သတင်းထောက်
လက်မှတ် မထိုးရဘဲ ပြန်လွတ်လာ

စာဖတ်သူများ ၀မ်းမြောက်

မိုးမခအထောက်တော် အမှတ် ၀၀၂
စက်တင်ဘာ ၁၈၊ ၂၀၁၀

မကွေးမြို့တွင် ထိန်းသိမ်းခံထားရသော Weekly Eleven ဂျာနယ် သတင်းထောက် ယမန်နေ့က ပြန်လည် လွတ်မြောက်လာသည်ဟု ဂျာနယ် အင်တာနက် စာမျက်နှာတွင် အစီရင်ခံထားရာ စာဖတ်ပရိသတ်များက ၀မ်းမြောက်ကြောင်း မှတ်ချက်များ ရေးသားထားသည်ကို တွေ့ရသည်။


သတင်းထောက် ကိုအောင်သူငြိမ်းသည် မကွေးမြို့ ရေကြီးရေလျှံမှု သတင်း ယူနေစဉ် ကင်မရာသိမ်းဆည်း ခံရပြီး “နောက်နောင် ယခုကဲ့သို့ မပြုလုပ်တော့ပါ ဆိုသည့် ခံဝန်ချက်” ကို လက်မှတ် ရေးထိုးခြင်း မပြုသဖြင့် မကွေး အမှတ် ၁ ရဲစခန်းတွင် ထိန်းသိမ်းခံခဲ့ရသည်။

Weekly Eleven က သူအဖမ်းခံရသည့် ဖြစ်စဉ်ကို သတင်း ရေးသားပြီး ကန့်ကွက်ခဲ့သည်။ ပြန်လည် လွတ်မြောက်လာသည့် သတင်းကိုလည်း ချက်ချင်း ရေးသားခဲ့သည်။

လွတ်သတင်းကြောင့် ၀မ်းသာကြောင်း စာဖတ်သူများက Weekly Eleven ၀က်ဆိုက်တွင် မှတ်ချက်များ ရေးထားသည်ကို တွေ့ရသည်။

“သတင်းထောက် ပြန်လွတ်လာတာကတော့ ဝမ်းသာစရာပါ။ ဒါပေမဲ့ ကျေးဇူးတင်စရာ ကိစ္စလို့ မမြင်ပါဘူး။ ဘာပုဒ်မနဲ့ ငြိစွန်းလို့ အဖမ်းခံရတာလဲ။ ဘာဖြစ်လို့ ၂ ရက်တောင်မှ ဖမ်းထားရတာလဲ။ အစိုးရဘက်က ဖြေရှင်းသင့်ပါတ ယ်။ ကိုအောင်သူငြိမ်း ရိုက်ထားတဲ့ ဓါတ်ပုံတွေကရော ဘယ်ရောက်ကုန်ပြီ လဲ။ အဲဒီ ဓါတ်ပုံတွေကို ဖော်ပြခွင့် မရဘူးလား” ဟု စာဖတ်သူ တဦးက ရေးသားထားသည်။

သတင်းထောက်အတွက် ချက်ချင်း အရေးယူ ဆောင်ရွက်သော Weekly Eleven ကို ချီးကျူးရေးသားထားသည်ကိုလည်း တွေ့နိုင်သည်။

“နောက်နောင်ကိုလည်း သတင်းထောက်များဘ က်မှ မှန်နေလျှင် ရဲဝင့်စွာ ဆက်လက်ရပ်တည်ပေး ပါ” ဟု တဦးက ဆိုသည်။

“ပြန်တရားစွဲသင့် တယ်လို.မြင်ပါတယ်။ဒါမှတာဝန်မဲ့လုပ်ရပ်ေ တွနောက်မလုပ်ရြဲ ကမှာဖြစ်ပါတယ်” ဟု မကျေနပ်သံလည်း မှတ်ချက်များထဲတွင် ပါဝင်သည်။
ထိုမှတ်ချက်ကို ထောက်ခံလိုသူလည်း ရှိသည်။

“တရာစွဲလို့ရနိုင်ပါတယ်။ – – – ဒါပေမဲ့ အရှည်မဖြစ်တာ၊ ဒီလောက်နဲ့ပဲ မင်္ဂလာရှိရှိ၊ နားလည်မှုရှိရှိ အဆုံသတ်တာ ကောင်းပါတယ်။ အင်း … တစ်ဖက်က ပြန်စဉ်းစားရင်လဲ ဒါမျိုးသီးခံတာများလို့ ငါတို့ပြည်သူတွေ ခံရတာများလာတာလား” ဟု ထောက်ခံလိုသူက ဆိုသည်။

“ecovision က သတင်းထောက်မလေး ဖမ်းခံရတုန်းကလည်း ဒီလိုသာ မီဒီယာတွေ ကန့်ကွက်ခဲ့ကြမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲဗျာ” ဟု ပြောသူလည်း ရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts