>Bed Bugs taking America by the storm

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

အမေရိကန်ကို ကြမ်းပိုးတွေ အကြမ်းဖက်တိုက်ခိုက်ပြီ
မိုးမခအထောက်တော် ၀၀၄
စက်တင်ဘာ ၁၆၊ ၂၀၁၀
ယခုတလော ခေတ်အစားဆုံး သတင်းတွေ ပြောပါဆိုရင် အမေရိကန်ပြည် စီးပွားရေးကျနေတာနဲ့ နယူးယောက်မြို့တော်ရဲ့ အကြမ်းဖက်အတိုက်ခံရတဲ့ နိုင်းအီလဲဗင်းနေရာအနီးမှာ မွတ်ဆလင်တို့ ဗလီထောင်တာကို ပြောကြပေမယ့် တကယ်တမ်းကတော့ အမေရိကန် အရှေ့ကနေ အနောက်ခြမ်းကို အင်အားသုံးပြီး ချီတက်တိုက်ခိုက်နေတာကတော့ သူတို့အခေါ် Bed Bugs မြန်မာအခေါ် ကြမ်းပိုးတွေပဲ ဖြစ်ပါတယ်။
အယင် ၂ လ က စလို့ အိမ်ယာနဲ့ လူနေထူထပ်တဲ့ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကိုက တိုက်ခန်းတွေ၊ ဈေးဆိုင်ကြီးတွေ၊ အ၀တ်အထည်ဆိုင်တွေမှာ ကြမ်းပိုးတွေ သောင်းကျန်း ပျံ့နှံ့နေလို့ ဆိုင်တွေ လူတွေ အတော် ဒုက္ခရောက်နေကြတယ်လို့ ဆိုပါတယ်။ ဆန်ဖရန်က အ၀တ်ဆိုင်ကြီးတွေဖြစ်တဲ့ ဂက်တို့ ရော့စ်တို့တွေမှာ ကြမ်းပိုးတွေ့လို့ ဆိုင်တွေပိတ်ပြီး ရှင်းလင်းရေးတွေ လုပ်နေရသလို၊ နယူးယောက်က ထမင်းဆိုင် (စားသောက်ဆိုင်တွေ) မှာလည်း ကြမ်းပိုးတွေ ထကြွနေလို့ ဆိုင်တွေ ပိတ်ပြီး သောင်းကျန်းသူ နှိမ်နှင်းရေးတွေ လုပ်နေရတယ်လို့ သတင်းတွေမှာ ဆိုပါတယ်။
ရာသီဥတု အေးပြီး၊ အာရှလို ပူအိုက်စွတ်စိုမှု နဲတဲ့ အမေရိကားကို ကြမ်းပိုးတွေ ဘယ်လိုများ စက်ကျကုန်ရတာလဲလို့ သတင်းသမားတွေ၊ သိပ္ပံသမားတွေ၊ ဆရာဝန်တွေက ဦးနှောက်စား ဆွေးနွေးနေကြတဲ့ အချိန်မှာ အချို့ကတော့ နိုင်ငံတကာခရီးသည်တွေကတဆင့် ကြမ်းပိုးတွေ ရောက်လာတယ်။ ပြီးတော့ အကြမ်းပတမ်းခံတဲ့ ကြမ်းပိုးတွေက တည်းခိုခန်းတွေ ဟိုတယ်တွေကတဆင့် လူနေအိမ်ခြေတွေ လုပ်ငန်းတွေအထိ ခရီးဆန့်ကုန်ကြတယ် လို့ သာမန်အရပ်သားတွေက သုံးသပ်ပြပါတယ်။
အာရှသားတွေက ကြမ်းပိုးနဲ့ ကျွမ်းဝင်တော့ သိပံ္ပနည်း၊ ၀ိဇ္ဇာနည်းတွေနဲ့ ဖြေရှင်းတတ်ကြပေမယ့် အမေရိကန်သားတွေကတော့ ကြမ်းပိုးနှိမ်နှင်းနည်းကို ရှာဖွေဆဲလို့ ဆိုပါတယ်။ ရယ်စရာတခုကတော့ အမေရိကန်လူငယ်တွေ၊ ဆယ်ကျော်သက်တွေဆီမှာ ကာလပေါ် သွေးစုတ်ဖုတ်ကောင် ဇာတ်လမ်းတွေ၊ ဇာတ်ကားတွေနဲ့ အလွန် အရူးထပြီး ခေတ်စားနေချိန်နဲ့ တိုက်ဆိုင်ပြီး သွေးစုတ်ကြမ်းပိုးတွေ ပေါ်ပေါက်လာတာမို့ သူတို့ အရူးထနေတဲ့ ဗင်ပိုင်ယာတွေ (Vampire) တွေက ရှေ့တော်ပြေးအနေနဲ့ ကြမ်းပိုးတွေ လွှတ်လိုက်ပုံရတယ်လို့ ပြောနေကြပါတယ်။

အစွန်းရောက်သူတွေကတော့ အမေရိကန်ရဲ့ ရန်သူ အိုစာမာဘင်လာဒင်တို့၊ အယ်လ်ကိုင်ဒါတို့က ကြမ်းပိုးတွေကို သူသေကိုယ်သေ အကြမ်းဖက်စစ်ဆင်ရေးအဖြစ် လေ့ကျင့်သင်ကြားပေးပြီး လွှတ်လိုက်တယ်လို့ ပြောချင်ပြောကြမှာ ဖြစ်ပါတယ်။ မျက်ကန်းမျိုးချစ်တွေကတော့ အမေရိကန်ကြီးကို အာရှကနေ လုပ်ကြံနေပြီလို့ ဆိုချင် ဆိုမယ် ဆိုတဲ့အကြောင်း သတင်းစာတွေထဲမှာ ရယ်သွမ်းသွေးနေကြပါကြောင်း သတင်းပေးလိုက်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts