>letter from Than Shwe

>

ဗိုလ်ချုပ်မှူးကြီး ရေးတဲ့စာ
ရန်လိုကျွဲ
စက်တင်ဘာ ၁၆၊ ၂၀၁၀“အဲဒီနေ့က ငါ သီချင်း ရေးနေတုန်း ငါ့ဖင် ပူခနဲဖြစ်ပြီး ငါလည်း ဗြောင်းဆန်အောင် ထခုန်တော့တာပဲ၊ နာတာကိုး ကွ”


မိုင်ဒီးယား အယ်ဒီတာစ်
သတင်းတွေ မရေးဖြစ်တာ ဆောဒီးဘဲခင်ဗျာ။ တောင်းပန်ပါတယ်။ မအားသေးလို့ပါ။
ပေါတာကြီးဆီကတော့ အီးမေးတစောင် ၀င်နေတယ်။ ဖတ်ကြည့်ပါဦး။
မေတ္တာဖြင့်
ကျွဲ

———- Forwarded message ———-
From: Ba Yin Gyi – thanshwe@spdc.gov
Date: 2010/9/15
Subject: hello lu ka lay
To: buffalo – hostilebuffalo@gmail.com

ဟေ့ကောင်၊ ကျွဲကြီး၊ မင်း နေကောင်းရဲ့လား။ ငါလည်း နေကောင်းတယ် ဆိုပါတော့ကွာ။ ဒါပေမယ့် လမ်းလျှောက်ရင် မောတယ်။ သေတော့ မသေသေးဘူး ထင်တယ်။

တနေ့က မိုးမခမှာ ဖတ်လိုက်ရတယ်။ “သူ့အရင်က တကောင် သူက တကောင်“ ဆိုတဲ့ ပြောင်ချော်ချော်စာလေ။ ဒေါက်တာ မောင်ဘချစ် နာမည်နဲ့ ငါ့ကို ဆော်ထားတာ ငါဖြင့် အီဆိမ့်သွားတာပဲ။

ကြုံလို့ ပြောရရင် မင်းတို့ ၀က်ဆိုက်က ကျက်သရေကို မရှိဘူး။ ပြီးတော့ ဟို နှစ်ကောင်၊ စောငိုနဲ့ ဘီရုမာ ဆိုတဲ့ နှစ်ကောင်။ သူတို့ ကာတွန်းတွေက ကြည့်ရဆိုးလိုက်တာ။ ငါ့ပုံဆွဲတာ မတူဘူး။ ဒီကောင်တွေကို သင်တန်း တက်ခိုင်းလိုက်ဦး။ သင်တန်းကို မြေဇာဆီမှာ မတက်နဲ့၊ ငွေကြည်ဆီမှာ တက်။ ငွေကြည်လို ဆွဲရင် ငါ့ပုံက ကျက်သရေရှိရှိ ထွက်လာလိမ့်မယ်။

ပဲခူးမှာ ကလေး ၂ယောက် သေသွားတာများ မင်းတို့က အော်ကြီး ဟစ်ကျယ် လုပ်နေသေးတယ်။ တခြားနေရာတွေမှာ ဒီထက်မက ငါတို့ကောင်တွေ ပစ်သတ်နေတာတွေ ရှိတယ်လေကွာ။ မင်းတို့ မသိဘူးလား။ အေး – မသိတာပဲ ကောင်းပါတယ်ကွာ။

ငါလည်း ဘာတွေ ရေးနေမှန်း မသိဘူး။ ဒီလိုကွ – ငါ တရုတ်ပြည်ခရီးစဉ် ရည်ရွယ်ချက်တခု မင်းတို့ မသိတာ ပြောပြချင်လို့။ ငါ့မှာလည်း ရင်ဖွင့်စရာဆိုလို့ မင်းပဲ ရှိတယ်။

ခရီးစဉ်က မြောက်ကိုရီးယားကိစ္စလည်း ပါသကွ။ အမေရိကန်က ဒီနှစ်အတွက် ပေးတဲ့ ဆုလေ မင်း မှတ်မိလား။ နိုင်ငံခေါင်းဆောင်တွေကို ပေးတာလေကွာ။ အဲဒါ မြောက်ကိုရီးယားက ဟိုခွေးမသား ကင်ဂျုံအီးက ပထမ ရသွားတယ်။ ငါက တတိယပေါ့ကွာ။ အဲဒါ အဲဒီခွေးမသားက နှစ်တိုင်း ထိပ်ဆုံးမှာ နေချင်တာလေ။ တချိန်ချိန် သူ့နေရာ ငါလုနိုင်တယ်ဆိုပြီး ငါ့ကို လုပ်ကြံဖို့ ဆင်ကြံကြံတာ မင်းတို့ မသိဘူး။ အေး – ငါပြောပြမယ် ဟေ့ကောင်။

ကင်ဂျုံအီးက ငါ့ကို သတ်ဖို့ ကြွက် အကောင် ၄ သိန်း နေပြည်တော်ကို လွှတ်လိုက်တယ်။ ဟိုတခါ အာဇာနည်ကုန်း ဗုံးခွဲဖို့ လာတဲ့ ကိုရီးယားဗိုလ်မှူးတွေ အဖမ်းခံရတော့ ဒီတခါ လူမလွှတ်ဘဲ ကြွက်တွေ လွှတ်လိုက်တာ ဖြစ်မယ်လို့ ငါ့ထောက်လှမ်းရေးတွေက သုံးသပ်တယ်။

ဒါပေမယ့် ကံကောင်းချင်တော့ ကြွက်တွေက လမ်းတ၀က်မှာတင် လှည့်ပြန်ကြတယ်။ မင်းမှတ်မိမှာပေါ့။ မင်းသူငယ်ချင်း ညီလင်းဆက်တောင်မှ သူ့ဘလော့မှာ တင်လိုက်သေးတယ်လေ၊ ကြွက်တွေ ကားလမ်းမမှာ ကားနင်းခံရလို့ မာလကီးယားနေတဲ့ ပုံတွေလေ။ အဲဒါ ကိုရီးယားကြွက်တွေ ဟေ့ကောင်ရေ – ကိုရီးယားကြွက်တွေကွ။ ဒီကောင်တွေ နေပြည်တော်ကို မရောက်လိုက်ဘူး။ မရောက်တော့ ငါကံကောင်းသွားတယ် မထင်နဲ့အုံး။ အဲဒီအကြောင်း ပြီးမှ ဆက်ပြောမယ်။

ကြွက်တွေက ဘယ်ရောက်သွားလဲ ဆိုတော့ – အဲဒီအချိန်မှာ သူ့အကြောင်း စာအုပ် တအုပ် ရန်ကုန်မှာ ထုတ်တယ်။ ရေးတဲ့ သူက ဟိန်းလတ် တဲ့။ မဟုတ်မမှန်တာတွေ သောက်တလွဲ ရေးထားတယ် ဆိုပြီး ရန်ကုန် မြောက်ကိုရီးယားသံရုံးမှာရှိတဲ့ သူ့မယားပါသားတကောင်က ချွန်တွန်းလုပ်လို့ ထင်ပါရဲ့ ခွေးမသား ကင်ဂျုံအီးက ဒေါသောင်းကျန်းသူ ထပါလေရောကွာ။

အဲဒါ င့ါကို လုပ်ကြံဖို့ လွှတ်လိုက်တဲ့ ကြွက် ၄သိန်းကို ရန်ကုန်စစ်မျက်နှာဆီ လမ်းကြောင်း ပြောင်းခိုင်းလိုက်တာလို့ ငါ့ဆီ ရောက်လာတဲ့ ထောက်လှမ်းရေး ရီပို့တွေမှာ ရေးထားတယ်။

အံ့သြဖို့ ကောင်းတာက အဲဒီကြွက်တွေက ဟိန်းလတ် ဆိုတဲ့ စာရေးဆရာဆီ မရောက်ဘဲ လမ်းမှာတင် အတုံးအရုံး ကျဆုံး ပျောက်ဆုံးကုန်တယ်လို့ ရီပို့တွေက ဆိုတယ်။ ငါလည်း ဒီရီပို့တွေ ယုံရမှာပဲ ဟုတ်ဟုတ် မဟုတ်ဟုတ်။

ဒီမောင် ဟိန်းလတ်ကတော့ အဟုတ်ကြီးပဲဟေ့။ ဟိုခွေးမသားရဲ့ကောင်တွေကို သူ ဘယ်လို လုပ်လိုက်တယ် မသိဘူး။ ငါ့ထောက်လှမ်းရေးတွေ ပြောတာကတော့ သူက “တားရော့၊ ဖုန်းရွှေ“ စသဖြင့်တွေကို တဖက်ကမ်း တတ်တယ် ဆိုပဲ ဟေ့ကောင်။ ငါ့နန်းတော်မှာ သူ့ကို ရာထူးတခုခုပေးပြီး ထားရင် ကောင်းမလား၊ မင်း ဘယ်လိုထင်လဲ။

ဟို ကြွက်ကိစ္စ ပြန်ဆက်ရရင် – အဲဒီ ကြွက် ၄ သိန်းထဲက ကွန်မန်ဒိုခေါင်းဆောင် ခေါ်မလားပဲ တကောင်က ငါ့ဆီ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာတယ် ဟေ့ကောင်ရေ။

အဲဒီနေ့က ငါ သီချင်း ရေးနေတုန်း ငါ့ဖင် ပူခနဲဖြစ်ပြီး ငါလည်း ဗြောင်းဆန်အောင် ထခုန်တော့တာပဲ၊ နာတာကိုး ကွ။

ငါ့မိန်းမကတော့ အဲဒီကြွက် ငါ့ ပုဆိုးထဲ ပြေးဝင်သွားတာ တွေ့လိုက်ရတယ် တဲ့။ သူလည်း စိတ်ပူပြီး ကြွက်ကို မောင်းထုတ်ပေမယ့် မရဘူး သိပ်နောက်ကျသွားပြီ။ သကောင့်သားက အထဲဝင်သွားပြီ။

ငါ့မိန်းမက ငါ့ကို ဆေးရုံ ချက်ချင်း မပို့ဘူး ဟေ့ကောင်ရေ။ သတင်းပေါက်သွားရင် “မင်းတရားကြီးဖင်ထဲကြွက်ဝင်ခြင်း“ ဆိုပြီး ပုဆိန်ရိုးသတင်းသမားတွေက ရေးကြမှာ မောင်တော်ရဲ့ တဲ့။ မိသားစု ဆရာဝန်ကလည်း ဟိုတယ်တခုမှာ သွားကဲနေတော့ ငါ့မှာ ဒုက္ခအကြီးအကျယ် ရောက်တာပေါ့ကွာ။

စိတ်ချရတဲ့ ဒေါက်တာ ခေါ်ဟေ့ ဆိုတော့ အနားမှာ ရှိတဲ့ ရွှေမန်းက ဒေါက်တာ တယောက် ခေါ်လာတယ်။ ရောက်လာတော့ ဘယ်သူပါလိမ့်ဆိုပြီး ကြည့်လိုက်တော့ ဒေါက်တာနေ၀င်းမောင် ဖြစ်နေတယ်။ သူက ငါ့ ကို ကြိတ်ပြီး လေးစားနေတဲ့သူပဲ ငါသိတာပေါ့။ ဒါပေမယ့် ဘယ်တုန်းကမှ ဆေးမကုတဲ့ ဒေါက်တာလေ။ ရွှေမန်း အဲဒါတွေ မသိဘူး။ ဒေါက်တာက အရေးထဲ ရွေးကောက်ပွဲကို သူ အရမ်းကာရော ထောက်ခံကြောင်း လာပြောနေသေးတယ်။ သူတို့နှစ်ယောက်လုံးကို ငါ ကန်ထုတ်လိုက်တယ်။ ငါဖြင့် သေတော့မယ်။

ဒီတော့ သောက်တလွဲ ထပ်မဖြစ်အောင် မြန်မာဆန်ဆန် အမိန့်ပေးရတယ်။ “ဆရာဝန်ခေါ်ဟေ့“ လို့ ပြောရတယ်။ ဒီတခါ ရှစ်လုံးကို အားကိုးရတယ်။ ရှစ်လုံးကတော့ ဆေးကုတဲ့ ဆရာဝန် အစစ် ခေါ်လာတယ်။ ဒါပေမယ့် တိရိစ္ဆာန် ဆရာဝန် ဖြစ်နေတယ်။

ငါ့ဖင်ထဲ ကြွက်ဝင်တယ်ဆိုတော့ တိရိစ္ဆာန် ဆရာဝန်နဲ့ သက်ဆိုင်တဲ့ကိစ္စလို့ သူက ဆင်ခြေပေးသေးတယ်။ ဒါနဲ့ ငါလည်း ရွှေမန်းရော ရှစ်လုံးရော ၂ကောင်လုံးကို တပ်ကနေ ထုတ်ပစ်လိုက်တာ။ အဲဒီ၂ကောင် တရုတ်ပြည် ခရီးစဉ်မှာ မျက်နှာက ဇီးရွက်လောက်ပဲရှိတာ မင်းတို့ တွေ့မှာပေါ့။

ဖင်ထဲဝင်တဲ့ ကြွက်ကိုတော့ ဆေးရုံတက်ပြီး ခွဲထုတ်ရတယ်။ ဆေးရုံသွားတဲ့ သတင်း မင်းတို့ သတင်းထောက်တွေဆီ ရောက်သွားတယ်။ ဒါပေမယ့် လုံလုံခြုံခြုံ ဖုံးဖိနိုင်ခဲ့လို့ ငါဘာကြောင့် ဆေးရုံတက်တယ် ဆိုတာ မင်းတို့ သတင်းတွေမှာ ပါမလာဘူး။

ငါ့မြေး ဖိုးလပြည့်က အကြံပေးသေးတယ်၊ ရန်ကုန်နားတ၀ိုက်မှာ ပျောက်ချင်းမလှ ပျောက်သွားတဲ့ ကိုရီးယား ကြွက်တွေကို လိုက်ဖမ်းခိုင်းပါ တဲ့။ အခုခေတ်က ကိုရီးယားရူး ရူးကြတဲ့ ခေတ်ဆိုတော့ ကိုရီးယား ကြွက်ကင် ဆိုပြီး လုပ်နိုင်ရင် အရောင်းသွက်မယ် တဲ့။ ဟေဟေ့ ငါ့မြေးက စီးပွားရေး အကွက် မြင်တယ်ကွ။

အေး – ငါ အခု တရုတ်ပြည်သွားတာ အဲဒီ ကိစ္စပဲ။ ဒီကြွက်တွေ လွှတ်လိုက်တဲ့အကြောင်း၊ ခွေးမသား ကင်ဂျုံအီးကို ဆုံးမပေးဖို့အကြောင်း တရုတ်ကြီးကို သွားပြော သွားတိုင်ရတာ။ ကဲ – တော်ပြီကွာ။

ငါလည်း မင်းကို အီးမေးပို့  ဘာပို့နဲ့ တော်တော် ခင်ခင်မင်မင် ဖြစ်နေတာ ရှေးရေစက်ရှိလို့ ထင်ပါရဲ့။ ရှေ့တပတ် ငါ ရန်ကုန်မှာ ရှိမယ်။ တွေ့ကြတာပေါ့။

ဟေ့ကောင်၊ ဒီစာကို ဘယ်သူ့ကိုမှ ဖော်ဝပ် မလုပ်နဲ့နော်။
ဒါဘဲကွာ
အဘ သန်းရွှေ


Ba Yin Gyi thanshwe@spdc.gov
“အာဏာရှင်စနစ် မုချအောင်ရမည်”

Letter-to-lu-ka-lay.pdf
91K View Download


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts