>NLD’s response on SPDC’s statement

>

ပါတီ ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်ကို NLD လက်မခံ
မိုးမခအထောက်တော် အမှတ် ဝဝ၁
စက်တင်ဘာ ၁၄၊ ၂၀၁၀(Photo: Reuters/Aung Hla Tun)

ရွေးကောက်ပွဲ မ၀င်သည့် NLD ပါတီကို ရပ်တည်ခွင့် မပြုတော့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ယနေ့ ထုတ်ပြန်သည့် ကြေညာချက်မှာ တရားဝင်ခြင်း မရှိဟု NLD ခေါင်းဆောင် ဦးဉာဏ်ဝင်းက သတင်းဌာနများကို ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ အတွက် ကော်မရှင်တွင် မှတ်ပုံ မတင်သည့် NLD အပါအ၀င် သက်တမ်းရင့် နိုင်ငံရေး ပါတီ ၅ ခုကို နိုင်ငံရေး ပါတီ အဖြစ်မှ ပျက်ပြယ်ကြောင်း စစ်အစိုးရက ယနေ့ ညနေ ၆ နာရီတွင် ကြေညာခြင်းကို ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

NLD ခေါင်းဆောင် ဦးဉာဏ်ဝင်း၏ တုံ့ပြန်ချက်များ

“ကော်မရှင်မှာ အဲဒီလို လုပ်ပိုင်ခွင့်၊ ကြေညာပိုင်ခွင့် မရှိဘူးလို့ဘဲ နားလည်တယ်။ ဒီကော်မရှင်က အခု မှတ်ပုံတင်ထားတဲ့ ပါတီကိုသာ လုပ်ပိုင်ခွင့်ရှိတယ်”
မဇ္ဈိမသတင်းဌာန

“ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည် မှတ်ပုံမတင်တဲ့ ပါတီအတွက် အခုလို သတင်းထုတ်ပြန်ဖို့၊ အခုလို ကြေညာချက် ထုတ်ဖို့ အာဏာ အပ်နှင်းထားတာ ကျနော် မတွေ့ဘူး။ ကြေညာချက် ထုတ်တယ်ဆိုတာ အာဏာအပ်နှင်းမှ ထုတ်လို့ရတာ”

“ဒုတိယအချက်က NLD ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီးတော့ တရားရုံး လုပ်ငန်းစဉ်တွေ မပြီးပြတ်သေးဘူး။ အဲဒီလို မပြီးပြတ်သေးတဲ့ အချိန်မှာ ကော်မရှင်က ကြားဖြတ်ပြီး ဒီလို ကြေညာတာဟာ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်တယ်”
VOA သတင်းဌာန

ကြေညာချက်တွင် ပါဝင်သည့် ပါတီဟောင်း ၅ခု၏ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် မဲဆန္ဒနယ်မြေ စာရင်း

NLD ခေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – ၃၉၂ နယ်မြေ
ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် – ၂၃ နယ်မြေ
ပြည်ထောင်စု ပအိုဝ်းအမျိုးသားများ အဖွဲ့ချုပ် – ၃ နယ်မြေ
ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ – ၁ နယ်မြေ
ဝ အမျိုးသား ဖွံ့ဖြိုး တိုးတက် ရေးပါတီ – ရွေးကောက်ခံရသော နယ်မြေ မရှိ

မကြာသေးမီက ဖွဲ့စည်းခဲ့သော ပါတီ တချို့သည်လည်း မဲဆန္ဒနယ် ၃ နယ်တွင် ၀င်ရောက် မယှဉ်ပြိုင်နိုင်သဖြင့် ဖျက်သိမ်းကြောင်း ကြေညာခံရသည်။ ထိုပါတီများ စာရင်းကို Eleven မီဒီယာ ၀က်ဆိုက်တွင် အောက်ပါအတိုင်း တွေ့ရသည်။

ကရင်အမျိုးသားများ အဖွဲ့ချုပ်
မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
မြန်မာဒီမိုကရေစီ ကွန်ဂရက်ပါတီ
မြိုတိုင်းရင်းသားပါတီ
ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ (ပြည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts