အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

>Ashin Zawana – U Tin Aye (Myo ma)

>

ကွန်ကရစ်ရွာ၊ သံမဏိတံခါးကြားမှ မျက်ရည်မှတ်တမ်းများ
အဘမမီလိုက်တဲ့ နောင်နှစ်ခါ တန်ဆောင်မုန်း
အရှင်ဇဝန
နိုင်ငံရေးအကျဉ်းသားဟောင်း
စက်တင်ဘာ ၁၄၊ ၂၀၁၀

“အာဏာရှင်ဆိုတာကတော့ သူ့ကို ဆန့်ကျင်လာရင် မွေးကင်းစပဲဖြစ်ဖြစ်
ရှစ်ဆယ်ကျော်၊ ကိုးဆယ်တွင်း အဘိုးအိုပဲဖြစ်ဖြစ် ရန်သူလို သဘောထားမှာပဲ”

ဆယ့်ခြောက်နှစ်တာကာလ နံရံလေးဘက်ကြား သော့အထပ်ထပ်ရဲ့ နောက်ကွယ်သို့ ပို့ဆောင်လို့ လောကကြီးနဲ့ အဆက်အသွယ် ဖြတ်ထားခံရသူတယောက်အတွက် အသိအမြင်အသစ်များ အတွေ့အကြုံအသစ်များ ရရှိနိုင်တာကတော့ သမိုင်းဖြတ်သန်းမှု ကြီးမားတဲ့ ကိုယ်တိုင်လည်း ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးများနှင့် နေထိုင်ခွင့်ရခြင်းပါပဲ။ ဒီပုဂ္ဂိုလ်ကြီးတွေကို သက်ရှိသမိုင်းစာအုပ်ကြီးလို့ ညွှန်းဆိုချင်တယ်။ သူတို့တွေ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍတွေ ဖြစ်ရပ်တွေက တချို့ လည်း မှတ်တမ်းတွေ ရှိချင်ရှိမယ်။ တချို့လည်း မှတ်တမ်းတွေ မရှိနိုင်ဘူး။ ဒါပေမယ့် သူတို့ကတော့ သူတို့ ကြုံတွေ့ခဲ့သမျှ အားရပါးရ ပြောပြနေကြတုန်းပဲ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts