>U Aye Myint warned Tatmadaw – not to destroy trust of the People

>

လမ်းပြကြယ် ဦးအေးမြင့်က တပ်မတော်နဲ့ ပြည်သူ လက်တွဲမပြုတ်သင့်ဟု သတိပေးစကားပြော
မိုးမခ ရုပ်သံသတင်း
စက်တင်ဘာ ၁၃၊ ၂၀၁၀
တပ်မတော်နှင့် ပြည်သူတို့ လက်တွဲပြုတ်နေကြပြီ။ လက်တွဲပြုတ်ကြတာမျိုး မဖြစ်သင့်ဘဲ အချိန်မီ ပြုပြင်ကြရမည်။ မဟုတ်က အားလုံးပျက်စီးကြဖို့သာ ရှိတော့သည် …
ယနေ့လက်ခံရရှိသည့် ဦးအေးမြင့်၏ ရုပ်သံဖြင့် ဖြေကြားချက်တွင် ယခင် စက်တင်ဘာ ၄ က ဖြစ်ပွားခဲ့သည့် ပဲခူးမြို့ တပ်မတော်သားများ၏ လူသတ်မှုအပေါ် ၎င်း၏ သဘောထားကို ထုတ်ဖော်ပြောကြားလိုက်သည်။
       အုပ်ချုပ်သူများ ညံ့ဖျင်းမှု၊ စီမံခန့်ခွဲသူများ ညံ့ဖျင်းမှု၊ အမှန်ကို မတင်ပြဘဲ ဖားယားပြီး နေကြသူ ပညာတတ်ကြီးများ၏ ချို့ယွင်းချက်များကြောင့် ပြည်သူလူထု ဒုက္ခရောက်နေကြောင်း၊ ရက်စက်တဲ့ လုပ်ရပ်ကြီးအထိ ဖြစ်ပွားလာခဲ့ရကြောင်း၊့ ပြည်သူလူထုသည် တပ်မတော်သားများကို လှည့်တောင် မကြည့်ချင်ကြတော့သည်အထိ ဖြစ်နေပြီ ဖြစ်ကြောင်း၊ ဆိုးကျိုးကတော့ ပြည်သူတွေက တပ်မတော်သားတွေကို အကောင်း မမြင်ကြတော့ကြောင်း၊ သို့ဖြစ်၍ ကျနော်က အမုန်းခံပြီး ပြောရခြင်း ဖြစ်ကြောင်း၊ တပ်မတော်နှင့် ပြည်သူတို့ လက်တွဲပြုတ်နေကြပြီ။ လက်တွဲပြုတ်ကြတာမျိုး မဖြစ်သင့်ဘဲ အချိန်မီ ပြုပြင်ကြရမည်။ မဟုတ်က အားလုံးပျက်စီးကြဖို့သာ ရှိတော့သည်ဟု ဦးအေးမြင့်က ထုတ်ဖော်သတိပေးလိုက်သည်ကို တွေ့ရသည်။ 
          သညိနေရာမှာ ကြည့်နိုင်ပြီ။ မိုးမခ၏ ယူကျု ချန်နယ်မှာ တင်ဆက်ထားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts