>Burmese Monastery in Milwaukee hosted Religious Ceremony

>

မီလ်ဝေါကီး ပညာရာမကျောင်းမှာ မေတ္တာအခါတော်နေ့ ကျင်းပ

မိုးမခအထောက်တော် – မီလ်ဝေါကီး
စက်တင်ဘာ ၄၊ ၂၀၁၀
မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ဝါခေါင်လပြည့်မှာ ကျရောက်တဲ့ ‘မေတ္တာအခါတော်နေ့’ ကို ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၂၈ ရက် စနေနေ့က အမေရိကန်ပြည်ထောင်စု၊ ဝစ္စကွန်စင်ပြည်နယ်၊ မီလ်ဝေါကီးမြို့ရှိ မြန်မာပြည်သား ဗုဒ္ဒဘာသာဝင် မိသားစုများစုပေါင်းပြီး မီလ်ဝေါကီးမြို့ ပညာရာမ ဘုန်းတော်ကြီးကျောင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရပါတယ်။
အခမ်းအနားမှာ ဆရာတော် ဘဒ္ဒန္တဇာဂရ (စာရေးဆရာ ကံထွန်းသစ်) က ကြွရောက်လာကြတဲ့ဧည့်ပရိသတ်များကို မေတ္တာတရားနှင့်ပတ်သက်တဲ့ ဗုဒ္ဓမြတ်စွာ ဘုရားဟောကြားခဲ့တရားတော်များ နှင့် မင်းကွန်းဆရာတော်ဘုရားကြီး မိန့်တော်မူခဲ့သော စကားများကို ဥပမာပေးကာ တရားရေအေး တိုက်ကျွေးခဲ့ကြောင်း သိရပါတယ်။

ဆရာတော်ရဲ့ တရားပွဲအပြီးမှာတော့ မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ကြပြီး မြန်မာ ပြည်သူပြည်သားနှင့် ကမ္ဘာသူ ကမ္ဘာသားများအား မေတ္တာပို့အမျှဝေခဲ့ကြပါတယ်။ အဲဒီနောက် အကျွေးအမွေးဧည့်ခံကြပြီး အခမ်းနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြကြောင်း သိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts