>Kyaw Thu – 2/2010 Art Training

>

ပင်အိုရွက်နု သင်တန်း
ကျော်သူ
စက်တင်ဘာ ၂၊ ၂၀၁၀

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မျိုးဆက်သစ် ကလေးငယ်များအား ပန်းချီသင်တန်း ဖွင့်လှစ်သင်ကြား ပေးပြီးသည့်နောက် မျိုးဆက်သစ် ကလေးငယ်များ၏ ပန်းချီပညာရပ်များဖြင့် မိဘမဲ့ HIV ကလေးငယ်များ အတွက် ရန်ပုံငွေရှာဖွေပေးရန်အတွက် မျိုးဆက်သစ်ကလေးငယ်များအား မိမိတို့ စိတ်ကြိုက် ရေးချယ်လိုသည့် ပုံရိပ်လွှာများအား စိတ်ကြိုက်ရေးချက်တို့ဖြင့် ကုသိုလ်ဖြစ် ရေးဆွဲကြရန် မှာကြားပြီး ဖြစ်ပါသည်။ ယနေ့ ၁.၉.၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် မျိုးဆက်သစ် ကလေးငယ်များ၏ ရေဆေးပန်းချီ လက်ရာများကို နှစ်သက်ကျေနပ် အားရ အားကျမှုများ ဖြစ်ပေါ်လာသော လူလတ်ပိုင်း၊ လူကြီးပိုင်းတို့၏ တောင်းဆိုချက်ကြောင့် ပန်းချီသင်တန်း ၂/၂၀၁၀ ကို ထပ်မံဖွင့်လှစ်ခဲ့ပါသည်။


ယင်းသင်တန်းတွင် ပန်းချီဆရာကြီး ဦးဝင်းကြည်၊ ပန်းချီဆရာ ဦးလှထွန်းအောင်၊ ပန်းချီ ဆရာမ ဒေါ်နုနုတို့မှ မေတ္တာစေတနာဖြင့် လာရောက်သင်ကြားကြမည် ဖြစ်သည်။ ယနေ့ သင်တန်းတွင် ပန်းချီဆရာကြီး ဦးဝင်းကြည်၊ ပန်းချီဆရာ ဦးလှထွန်းအောင်တို့မှ ပန်းချီဆွဲခဲတံ အမျိုးအစားများ အကြောင်း၊ ခဲတံချွန်နည်း ပညာရပ်များအကြောင်း၊ လိုင်းရေးဆွဲနည်းများကို အသေးစိတ် သင်ကြားပြသသွားသည်။ ယင်းသင်တန်းအပြီးတွင် ပန်းချီဆရာ ဦးလှထွန်းအောင်တို့ အင်းစိန်အကျဉ်းထောင်တွင် ပန်းချီပညာရပ်ကို ဝါသနာပါသော အကျဉ်းသားတို့အား သင်ကြားပြသနေသော သင်တန်း အတွက်လိုအပ်သော ပန်းချီပစ္စည်းများ ဝယ်ယူရန် အလှူငွေ ၂၀၀၀၀၀/- ကျပ်ကို ဦးကျော်သူ+ဒေါ်ရွှေဇီးကွက်တို့မှ လှူဒါန်းပေးအပ်ခဲ့ပါသည်။

ယခု သင်ကြားပို့ချလျှက်ရှိသော ပန်းချီသင်တန်းနှင့် ပတ်သက်၍ ဆရာမ ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ)က “မိမိတို့အရွယ်သည် လူကြီးပိုင်းဖြစ်နေပြီ။ မိမိတို့တွင် အနုပညာနှင့် ပတ်သက်၍ နုပျိုဆဲ ဖြစ်နေကြောင်း … ဒါကြောင့် မိမိတို့အား ပင်အိုရွက်နုများ” ဟု ကွယ်လွန်သူ ပန်းချီဆရာ သန်းမြင့်အောင် ပြောကြားခဲ့သော စကားရပ်ကို သတိရမိကြောင်း ပြန်လည်အမှတ်ရ ပြောကြားခဲ့သည်။

ထို့ကြောင့် ယခု လူကြီးပန်းချီ သင်တန်းအား “ပင်အို ရွက်နု” ပန်းချီသင်တန်းဟု တင်စားလိုက်ရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts