>Moemaka blog receives more visitors of US and Sa Lone

>

မိုးမခဘလော့ကို အမေရိကန်နှင့် စင်္ကာပူမှ အများဆုံးဝင်ရောက်ဟု Google ထံမှ သိရ
မိုးမခအထောက်တော် အမှတ် ၀၁၀
သြဂုတ် ၃၁၊ ၂၀၁၀


ဂူဂယ်က သူ့ကို အားကိုးသည့် ဘလော်ဂါများ သဘောကျမည့် အကျိုးဆောင်မှု တခုကို ယနေ့ မိတ်ဆက်ပေးလိုက်သည်။ Stats ဟု အမည်ရသော ထိုအကျိုးဆောင်မှုကို ဘလော့ကို စီမံခန့်ခွဲသည့် စာမျက်နှာတွင် တွေ့နိုင်သည်။


မိုးမခဘလော့ moemaka.blogspot.com ကို အများဆုံး လာရောက် ဖတ်ရှုသူများမှာ အမေရိကန်နှင့် စင်္ကာပူတို့မှ ဖြစ်ကြောင်း ယနေ့ ဂူဂယ်က ၀န်ဆောင်မှု ပေးလိုက်သည့် Stats တွင် ဖော်ပြထားချက်အရ သိရသည်။

ယခုလအတွင်း ထို ၂ နိုင်ငံမှ စာဖတ်သူများ ၀င်ရောက်မှုမှာ ကိုးထောင်ကျော်စီ ရှိကြောင်း တွေ့ရသည်။ မြန်မာပြည်သားများ နှစ်သက်သည့် စာမျက်နှာများကို ပိတ်ပင်ထားသည့် မြန်မာနိုင်ငံမှ ၀င်ရောက်မှု အနည်းဆုံး ဖြစ်ကြောင်း တွေ့ရသည်။

moemaka.blogspot.com သို့ ယခုလအတွင်း စာဖတ်သူများ နိုင်ငံအလိုက် ၀င်ရောက်မှု အခြေအနေကို Stats တွင် ဖော်ပြထားချက်အရ အောက်ပါအတိုင်း တွေ့ရသည်။

United States 9,491
Singapore 9,456

Thailand 1,559
Malaysia 1,316

United Kingdom 1,049
Germany 810

Japan 752
Australia 747

South Korea 618
Myanmar [Burma] 277

Stats တွင် လေ့လာလျှင် ဘလော့သို့ စာဖတ်သူ မည်မျှ လာသည်၊ မည်သည့် နိုင်ငံမှ အများဆုံးလာသည်၊ မည်သည့် အင်တာနက် စာမျက်နှာမှ တဆင့် အများဆုံး ရောက်လာသည် စသည့် အချက်အလက်တို့ကို ဖတ်ရ လွယ်ကူသည့် ဂရပ်များ၊ ဇယားများဖြင့် တွေ့နိုင်သည်။

မိုးမခက ကိုယ်ပိုင် အင်တာနက်စာမျက်နှာ ရှိသော်လည်း ဘလော့ ၂ ခုကို အရံအဖြစ် စီစဉ်ထားသည်။ အကြောင်းအမျိုးအမျိုးကြောင့် မူရင်း အင်တာနက် စာမျက်နှာ moemaka.com သို့ သွားရောက်ခြင်း မပြုနိုင်ပါက ဘလော့ ၂ ခုက အလုပ်ဖြစ်နိုင်သည်။
moemaka.blogspot.com
moemaka.wordpress.com

ဘလော့တွင် လူဖတ်အများဆုံးမှာ မြန်မာမော်ဒယ် နေခြည်မင်းထွန်းနှင့် အင်တာဗျူး၊ မင်းသား ဝေဠုကျော် တောင်ပြုန်းပွဲတွင် ဆေးကြော်ငြာသည့် သတင်း၊ ရန်ကုန်တွင် ကြွက်ကောင်ရေ များလာသည့် ဆောင်းပါး၊ ပန်းဖြူ၊ သံသာဝင်း၊ အနဂ္ဂတို့ သတင်းများ၊ ကာတွန်းဆရာတဦး အမည်ဝှက်ဖြင့် ရေးသော ဟီရိုရှီးမား အနုမြူဗုံးဒဏ်ခံရမှု နှစ်ပတ်လည် ဆောင်းပါး၊ မြန်မာမော်ဒယ်တချို့ နယူးယောက်တွင် အစွမ်းပြသည့် သတင်းတို့ ဖြစ်ကြောင်း တွေ့ရသည်။

WeSheMe ဘလော့၊ ပျူနိုင်ငံ ဘလော့တို့မှတဆင့် ရောက်လာပုံကိုလည်း အထက်ပါအတိုင်း တွေ့ရသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts