>Parents bared from entering into school to feed their children in Mawlamyine

>

ပေးစာကဏ္ဍ – ကျောင်းဝင်းထဲ ၀င်ခွင့်မရလို့ ကျောင်းသားမိဘတွေ ဒုက္ခရောက်
မော်လမြိုင် ရွှေတောင်ရပ်က မိဘတဦး
သြဂုတ် ၂၆၊ ၂၀၁၀
          ကျွန်မတို့ မော်လမြိုင် ရဲဘော်ကုန်း အမှတ် (၄)အလယ်တန်းကျောင်းမှာ မကြာခင်ကပြောင်းလာတဲ့ ကျောင်းအုပ်ကြီးက နေ့ခင်းမုန့်စားဆင်းချိန်မှာ မိဘတွေ ကျောင်းဝင်းထဲ ၀င်ခွင့်မပေးတော့ တာကြောင့် ကျွန်မတို့ ကျောင်းသားမိဘတွေ အခက်တွေ့နေကြပါတယ်။
          မိဘတွေ ကျောင်းဝင်းထဲ ၀င်ခွင့်မရတော့လို့ အရင်ကလို ကျောင်းဝင်းထဲမှာ အမိုးအောက်မှာ ကျွန်မတို့ ကလေးတွေကို ကျွေးမွေးဖို့ မလွယ်တော့ပါဘူး။် မိဘတွေက နေ့လည်စာကျွေးဖို့ ယူလာတဲ့ ထမင်း၊ မုန့်တွေကိုကျောင်းဝင်း ပြင်ပ ကားလမ်းနဘေးမှာ၊ အိမ်တွေရဲ့ နဘေး အဖီတွေအောက်မှာ၊ တခါတရံ မိုးရွာရင် ထီးမိုးပြီး ကျွေးနေကြရတာပါ။
ရန်ကုန်ကကျောင်းတွေမှာ ကျောင်းဝင်းထဲ မိဘတွေ ၀င်ခွင့်မရှိတာကြားဖူးပေမယ့် နယ်မြို့တွေကကျောင်းတွေမှာ အခုလို စည်းကမ်းမျိုးမကြားဖူး မကြုံဖူးပါဘူး။ လုံခြုံရေး အကြောင်းကြောင့် ကျောင်းထဲဝင်ခွင့်မပြုတာ ဆိုရင် ကျောင်းသားကလေးတွေ မိုးရေထဲမှာ ၊ ကားလမ်းနဘေးမှာ နေ့လယ်စာ မုန့်၊ ထမင်းစားနေကြရတာထက် လုံခြုံရေးက အရေးကြီးလားဆိုတာ မေးကြည့်ချင်ပါတယ်။
          နောက်တချက်က ကျောင်းမှာ အိမ်သာတွေ ရေအလုံအလောက်မရှိတာကြောင့်လည်း ကျောင်းသားတွေ အနေနဲ့ ကျောင်းမှာ အလေးသွားဖို့ ၀န်လေးပြီး၊ အောင့်အီးနေကြတာ၊ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ ဖြစ်နေပါတယ်။
          ကျောင်းသားတွေရဲ့ ကျန်းမာရေးရော မိဘတွေပါ စိတ်ချမ်းသာစေဖို့ အတွက်တာဝန်ရှိတဲ့ သူတွေ စုံစမ်းပြီး ပြင်ဆင်ပေးဖို့ မိုးမခက တဆင့် အသိပေးလိုက်ရပါတယ်။
မော်လမြိုင်မြို့ ရွှေတောင်ရပ်က မိဘတစ်ဦး
(မိုးမခက ဖိတ်ခေါ်ပါတယ်။ စာဖတ်သူတွေ၊ မိုးမခ ချစ်သူတွေက ပေးစာများကို ရေးသားပေးပို့ပါက သင့်တော်သလို ပြင်ဆင် တည်းဖြတ်ပြီး စာဖတ်သူတွေထံ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။  အနည်းဆုံး ဖြစ်ရပ်နဲ့ တင်ပြချက်အတွက် တာဝန်ခံတဲ့ အကြောင်း အချက်အလက်တစုံတရာကို မိုးမခအဖွဲ့ထံ အသိပေးဖို့တော့ လိုပါတယ်။ မှားယွင်းတဲ့ သတင်းဖြစ်ရပ်များကို တင်ဆက်မိမှာကို ကာကွယ်နိုင်ဖို့ပါ။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts