Overseas Burmese
Kyaw Home – Vancourver Fund for Burma Education
ဗန်ကူးဗား ရံပုံငွေဂီတပွဲ မြန်မာပြည်တွင်းက ချို့တဲ့ကလေးငယ်များ ပညာရေးအတွက်လှူမည်
ကျော်ဟုန်း
ဇွန် ၉၊ ၂၀၁၃
ငြိမ်းချမ်းပါစေ မြန်မာပြည် လူမှုဖွံ့ ဖြိုးရေးကွန်ယက်မှ စီစဉ်ခဲ့တဲ့ ရံပုံငွေဂီတပွဲကို (ဂျွန် ၊၁၊ ၂၀၁၃ ) က ညနေ(၅) နာရီမှ (၉)နာရီအထိ 487 Alexander st, Vancouver BC, Canada ရှိ ( Japanese Language School )ရဲ့ မိုးလုံလေလုံခန်းမဆောင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီရံပုံငွေပွဲဟာ မြန်မာပြည်တွင်းက ချို့ တဲ့ကလေးငယ်များရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက် ရည်စူးပြီး လှူမှာဖြစ်တာကြောင့်ကနေဒါ ဗန်ကူးဗားရောက်မြန်မာမိသားစုများအပြင် အမေရိကန်ပြည်ထောင်စုက ဝါရှင်တန်ပြည်နယ်၊ အရီဇိုးနားပြည်နယ်၊ ဆန်ဖရန်စစ္စကို၊ တက္ကဆက် ပြည်နယ်နဲ့  အော်ရီဂွန်ပြည်နယ်တို့ က မိတ်ဆွေများကလဲ ကူညီဝိုင်းဝန်းကြကာ အားဖြည့်ပေးတာလဲ တွေ့ ခဲ့ရပါတယ်။
လာရောက်အားပေးကြတဲ့ ပိရိသတ်များကို အဖွဲ့ (၃)ဖွဲ့ က ဖြေဖျော်တင်ဆက်ခဲ့ကြပါတယ်။ မြို့ ခံဂီတဝိုင်း ( FNG)Fifth New Generation အဖွဲ့ သားများဖြစ်တဲ့ ကိုမြင့်ဝင်း(lead)၊ ကိုစိုးမင်း(Bass)၊ ကိုတင်ကို(Drum)၊ ကိုမြင့်ဝေ(Acoustics Guitar)တို့ နဲ့ အတူ ကိုခင်စိုး(Key Board) ၊ ကိုသီရိညွန့် (Drum) တို့ ကလဲ ကူညီတီးခတ်ပေးကြပါတယ်။ တေးသီချင်းများကို နန်းဝင်းသူ(ရှမ်း)၊  မမီးမီး(ချင်း)၊  နန်းခင်နှင်းလှိုင်၊  သမီးငယ် Jasmine ၊ ကိုမြင့်ဝေ၊ကိုမင်းစိုး၊ ကိုမောင်မောင်သိန်းတို့ ကသီဆိုဖြေဖျော်ကြပါတယ်။ ဝါရှင်တန်-ဆီယက်တဲလ်က သမီးငယ် မဉ္ဖူကျော်၊ အရီဇိုးနားမှ ကိုသီရိညွန့် တို့ က ကိုခင်စိုးနဲ့ အတူ တီးခတ်ဖြေဖျော်ခဲ့တာလဲ တွေ့ ရပါတယ်။
ဒီနောက်မှာ Myanmar Canadian Fellowship Youth မှ ကရင်လူငယ်မောင်မယ်များကတီးခတ်ဖြေဖျော်ကြပါတယ်။ ဒီအဖွဲ့ မှာ တီးခတ်မှုကိုတာဝန်ယူခဲ့ကြသူများကတော့ Nay Kyar (Key Board)၊ Tar Chi ( Lead)၊ Eh -Shee (Bass) ၊ La May (Drum)၊ Ka Mwoe ( Rhythm)တို့ ပါ။ သီဆိုကြတဲ့သူများကတော့ Jasmine ၊ Diana၊Dah Black ၊ Besent နဲ့ Law Taw တို့ ဖြစ်ပါတယ်။ ကရင်တိုင်းရင်းသားလူငယ်လေးများက ဂီတအလှူနဲ့ ပါဝင်ပြီးအားဖြည့်ကြတာမြင်ရတော့ ပြည်ပမှာ ဗမာပြည်ဖွားများ စုစုစည်းစည်းရှိကြတာကို အားရဝမ်းသာဖြစ်မိပါတယ်။
ဒီနောက်မှာတော့ အော်ရီဂွန်က ကိုအောင်ခိုင်/ကဗျာဆရာ- အောင်သာငယ် (Bass)၊ ကိုဝိုင်းမော်( Rhythm) ၊ကိုနိုင်(Lead)၊ ကိုထွန်းထွန်း- ကနေဒါ(Drum) တို့ က တီးခတ်ပြီး ကိုတင်နွယ်၊ ကိုနိုင်တို့ မှ သီဆို ဖြေဖျော်ကြပါတယ်။
ကြွရောက်အားပေးကြတဲ့ ပိရိသတ်များကို မြန်မာထမင်းဟင်း၊ ငပိရည်နဲ့ တို့ စရာအစုံ၊ ခေါက်ဆွဲကြော်၊ငါးခြောက်ကြော်၊ ကုလားပဲဟင်း၊ အမဲနှပ်၊ ကြက်သားဟင်း၊ အချိုမုန့် အစုံ၊ အချိုရည်၊ လက်ဘက်ရည်ချို၊ ရေသန့် တို့ နဲ့  အသီးသီး တာဝန်ယူ ကျွေးမွေးခဲ့သူများကတော့ ဒေါ်ဘေဘီနဲ့ သမီးများ၊ ကိုသိန်းတန်မိသားစု၊ ကိုသန်းထိုက် မိသားစု၊ မချိုမာမိသားစု၊ မမျိုး၊ အပုလေးမိသားစု၊ ကိုမျိုးမင်းထွန်းနဲ့ ကိုကျော်ဇေယျတို့ ဖြစ်ကြောင်းသိရပါတယ်။
ဘာပွဲပဲလုပ်လုပ် အကျွေးအမွေးအတွက်  တဦးးချင်းဆီက ကိုယ်နိုင်ရာကို တာဝန်ယူပြီး စုပေါင်းကျွေးမွေးဧည့်ခံကြတာဟာ ကနေဒါနိုင်ငံ ဗန်ကူးဗားရောက် မြန်မာပြည်သားတွေရဲ့ အစဉ်အလာကောင်းအဖြစ် တွေ့ မြင်ရစမြဲမို့ အမှတ်ရ ကြည်နူးစရာပါ။
ဒီရံပုံငွေဂီတပွဲကို လူပေါင်း(၅၀၀)ကျော် လာရောက်အားပေးခဲ့ကြပါတယ်။     ။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts