>Ashin Kaung – Greeting in Blood

>

ဥဒါန်းနီ
အရှင်ကောင်း (ရွှေဝါရောင်)
သြဂုတ် ၁၇၊ ၂၀၁၀
အမေရိကန်ရဲ့
အမြင့်ဆုံး “ရော့ကီမောင်းတိန်း”ရဲ့ ငယ်ထိပ်
တို့ဖဝါးတံဆိပ် ခတ်နှိပ်မိတဲ့ခါ
“တောင်ကြီး ဖဝါးအောက် ဟေ့”
မှောက်မှားတဲ့အာဏာရှင်များ
အမြင်ကျဉ်းမြောင်းတဲ့ မာနမြင့်မိုရ်သမားများ
စိတ်နေမမြင့် ဘဝင် မိုးထိမြင့်သူများ
တနေ့ ဒို့ပြည်သူတွေ့ရဲ့ ဖဝါးအောက် ရောက်ရမယ်။
အမေရိကန်ရဲ့
အနက်ရှိုင်းဆုးံ “ဂရင်းကင်နွန်” ရဲ့ နှုတ်ခမ်း
တို့ဖဝါးတွေ နမ်းမိတဲ့ခါ
“အို … အသူတရာမက
အသူ အသန်း အသိန်း မက”
စီးဆင်းနေတြဲ့မစ် စီးချောင်းမျှင်လို ရေးရေးပြပြ
ထိပ်ကနဲဆန္ဒခုံးထ
ဇာတိမာန်ယောင်ဆောင်တဲ့ ဇာတိမမှန်မာနများ
အတ္တနဲ့ တပ်မကြောင့် လူခေါ်ရသူများ
အချိန်မစီး ပြည့်ဝန်ထုပ်ြကီးများ
အပြီးတိုင် ပစ်ချနိုင်ရမယ်။
အမေရိကန်ရဲ့
အကြီးဆုးံ ရေတံခွန် “နိုင်ဂါရာဖေါ”
တအံ့တသြငေးမော
ငါ့ရင်ခုန်သံတွေ ပေါလောမြော
အို … ကြီးသည့် အလျှံ
ထန်သည့် အဟုန်
တို့ နှလုးံသား ဒိတ်ဒိတ် ခုန်
“ဒါ … ငါ့ ပြည်သူရဲ့ အား
ငါ့ ပြည်သားရဲ့ မာန် …”
ဘယ်သင်း ခံနိုင်မတုန်း
တားဦး ဆီးဦး သမိုင်းမဲ့ကျောက်တုန်းတွေ
ဖိစမ်း နှိပ်စမ်း ဥာဏ်မျက်ကန်းတွေ
ချောက်စမ်း ညှင်းစမ်း လူသရမ်းတွေ
တနေ့ တိုက် လွှမ်းခံရမယ်။
ဆန္ဒသုံးခု ဥဒါန်းပြုခဲ့
တောင်ထု ဟူသမျှ မြေမှုန်မှ
ချောက်ဟူသမျှ အပ်တထောက်က
ရေစီးမှန်သမျှ ရေတပေါက်က
ပေါင်းကြ စီးကြ သိပ်သည်းကြ
ရြဲက ရငြ့်က ရှေ့တိုးကြ
“ကိုယ်တိုင် က မှ ပွဲကောင်းမယ်” ။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts