News

News

အဖေများနေ့တွင် ပြုလုပ်မည့် ဦးသုခ ရုပ်ထုဖွင့်ပွဲ
ဇွန် ၉၊ ၂၀၁၃

အို သူတော်ကောင်းအပေါင်းတို့ …

လောကကြီးအား ငြိမ်းချမ်းမှုအလှဆင်ပေးခဲ့သော… ကျွန်တော်တို့အတွက် ငြိမ်းချမ်းမှုလမ်း ဖေါက်ပေးခဲ့သော… ကျွန်တော်တို့အတွက် ပရဟိတမျိုးစေ့များ ချပေးခဲ့သော ကျေးဇူးရှင် စာရေးဆရာ၊ ဒါရိုက်တာ၊ ရုပ်ရှင်ဂီတပညာရှင်၊ နာရေးကူညီမှုအသင်း(ရန်ကုန်) နာယကကြီး ဖခင်ကြီး ဘဘဦးသုခ၏ ဂုဏ်ကျေးဇူးများကို အစဉ်သဖြင့် အမှတ်ရစေလိုသောဆန္ဒဖြင့် ထုဆစ်ထားသော ကျေးဇူးရှင် ဘဘဦးသုခ ရုပ်ထုဖွင့်ပွဲအား အဖေများနေ့ (၁၆.၆.၂ဝ၁၃ – တနင်္ဂနွေနေ့) တွင် အောက်ဖေါ်ပြပါ နေရာ၊ အချိန်တွင် ကျင်းပမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

(လိုက်ပါလိုသူ မီဒီယာ၊ စာနယ်ဇင်းသမားများအနေဖြင့် နံနက် (၆းဝဝ) နာရီတိတိအချိန်တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်) အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့မှ ( နေ့ခြင်း ပြန်) ထွက်ခွါမည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်လိုက်ရပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts