>How Burmese and Monks build and found School on their own

>

ကြိုးကြာ နှစ်ထပ် စာသင်ဆောင် ဖွင့်လှစ်ပွဲ မြင်ကွင်း
လင်္ကာသာရ(ပျော်ဘွယ်)
သြဂုတ် ၁၂၊ ၂၀၁၀
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊   အနောက်လျှော်ဖြူကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ၏ ကြိုးကြာ နှစ်ထပ် စာသင်ဆောင် ဖွင့်လှစ်ပွဲ မြင်ကွင်းကို ပြန်လည် တင်ပြအပ်ပါသည်။ မြန်မာပြည်တွင်းတွင် ဘုန်းတော်ကြိးသင် စာသင်ကျောင်းများ၊ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများကို အများပြည်သူတို့က ခွန်စိုက် အားစိုက် ထူထောင်ကြပြီး ဆောင်ရွက်နေကြပုံများထဲက တခုကို တင်ပြခြင်း ဖြစ်ပါသည်။
တောင်ကြီးမြို့၊ သိမ်တောင် ပရိယတ္တိစာသင်တိုက်မှ  တိုက်အုပ်ဆရာတော် အရှင်နေမိန္ဒာဘိဝံသ က ၄င်း၏ ပိဋက နှစ်ပုံ  အာဂုံပြန်ဆို အောင်မြင်သည့်အတွက် ရရှိခဲ့သည့် န၀ကမ္မ ဆုငွေများဖြင့် တည့်၍   တပည့်ဒါယကာ၊ ဒါယိကာမများ  စုပေါင်းပြီး  ၂၀၀၄၂၀၀၅   ပညာသင်နှစ်တွင်  ကျပ် ၅၄ သိန်းတန်  စာသင်ခန်း ခန်း ပါ နံကတ်စာသင်ဆောင် တစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့ပြီး  မူလတန်း အဆင့်မှ   အခြေခံပညာမူလတန်းလွန်ကျောင်း အဆင့်အဖြစ် တိုးမြင့်၍ တန်း     တန်း တန်း အထိ  သင်ပေးနိုင်ခဲ့ပါသည်။
ကျောင်းသားဦးရေ တိုးတက်လာသည့်အတွက် ဆရာတော်သည် ၂၀၀၇ ခုနှစ်တွင် ဆရာတော်၏ တပည့်ဒါယကာ ဦးမင်းဇော် + ဒေါ်မာမာဝင်း  ကြိုးကြာပဲခွဲစက် လုပ်ငန်း၊ မန္တလေးမြို့က သိန်း ၃၀၀   ထည့်ဝင်လှူဒါန်းပြီး  အခြား ဒါယကာ၊ ဒါယိကာမများ၏ စုပေါင်း လှူဒါန်းငွေ  သိန်း ၅၀၀ ကျော် အကုန်အကျခံ၍ စာသင်ခန်း ခန်းပါ  သံကူ ကွန်ကရစ် ထပ်စာသင်ဆောင်  ထပ်မံ ဆောက်လုပ်ခဲ့ပြီး   အဆိုပါ ကျောင်းဖွင့်ပွဲကို ၂၀၀၉ခု နှစ် ဖေဖေါ်ဝါရီလတွင် ကျင်းပခဲ့ပါသည်။
၂၀၀၉ခုနှစ် ပညာသင်နှစ်မှ စတင်၍   မူလွန်ကျောင်းအဆင့်မှ   အလယ်တန်းကျောင်း(ခွဲ) အဆင့်အထိ တိုးမြင့် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ဆရာ ဆရာမ အင်အား မလုံလောက်သည့်အတွက် ကျေးရွာမှ ဆရာ ဆရာမ ယောက် ငှားရမ်း ခန့်ထား၍ လစဉ်လစားပေးထားရပါသည်။
     အနောက်လျှော်ဖြူကုန်းကျေးရွာ နှင့် ပတ်ဝန်းကျင်    ရွာ ပေါင်း  အိမ်ခြေ တစ်ထောင်ခန့်မှ  ရှင်သာမဏေလေးများအပါအ၀င် ကျောင်းသူ ကျောင်းသားပေါင်း ၆၅၀ ခန့်   အလယ်တန်းပညာကို အလွယ်တကူ သင်ယူဆည်းပူး နိုင်ကြပြီဖြစ်ပါသည်။
 ဆရာတော်သည် ကျောင်းဆောင်အပြင် အဝေးမှ လာရောက် တာဝန်ထမ်းဆောင်ကြသည့် ဆရာ ဆရာမများ နေရေးထိုင်ရေး အဆင်ပြေစေရန်   နံကတ်တစ်ထပ် တိုက်အိမ်ကိုပါ ပူးတွဲ ဆောက်လုပ် လှူဒါန်းခဲ့ပြီး၊ ကျေးလက်တွင် လိုအပ်လျက်ရှိသော  ကျေးလက်ဆေးပေးခန်းကိုပါ  ၂၁ သိန်း အကုန် အကျခံ၍ လှူဒါန်းခဲ့ပါသည်။
 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts