>Mar Mar Aye – To 8 Poem

>

“ရှစ်” သူငယ်ချင်းမ အတွက်
မာမာအေး
သြဂုတ် ၁၀၊ ၂၀၁၀
“ရှစ်” လ “ရှစ်” ရက်
ပြက္ခဒိန်မှာ
သူရောက်လာတိုင်း
ရင်ထဲ လှိုင်းလိမ့်
မျက်ရည်စိမ့်ခဲ့
နှစ်သိမ့်တတ်သူ
ကြင်သည်းအူလည်း
အတူမရှိ
အေးတိအေးစက်
ပိုက်ဖက်မလာ
တကမ္ဘာခြား
ဝေးသွား … နီးလာ …
ညင်သာညံ့သက်
ပါးထက် လေဝှေ့
အာငွေ့နွေးနွေး
ပေးလေတာလား
မွှေးတာလားကွယ်
သက်လှယ်ဝိညာဉ်
သူ ဥာဏ်ဆင်တော့
မြင်ချင်မိပါ
မောင့်ရုပ်လွှာငယ်
အိုလာတယ်လား
ငယ်သွားလားဟင်
နောင် “ရှစ်” ကျရင် ပြန်လာရှင်။            ။
(၈၊ ၈၊ ၂၀၁၀ – ည ၁၀ နာရီ ၅၀)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts