>The Men at the Station

>

မန္တလေး ဘူတာကြီးက ဆိုက္ကားဆရာ
မိုးခို
သြဂုတ် ၁၁၊ ၂၀၁၀

(မြန်မာပြည်အစိုးရက ဗီဇာပိတ်ပင်ထားသော ဂျာနယ်လစ်တဦးဖြစ်သူ Pico Iyer ၏ The Man, The Men at the Station ကို ဆိုလိုရင်းမိအောင် ဘာသာပြန်ထားသည်။ မူရင်းကို ဖတ်ရှုလိုပါက 2009 May လတွင်ထုတ်ဝေခဲ့သော Burn This Book စာမျက်နှာ ၄၂ တွင် ကြည့်ရှုပါ)

+++++

မန္တလေးဘူတာကြီးကို ရထားဆိုက်ပါပြီ။

တညလုံးစီးလာခဲ့ရတဲ့ ရထားပေါ်ကလည်း ဆင်းလိုက်ရော – ဟာ ကျနော့်ကို အလုအယက် ဝိုင်းဆွဲကြတော့တာ ပါပဲ။ ဆိုက္ကားဆရာတွေလေ။ သူ့ငှားပါ – ငါ့ငှားပါပေါ့။ တရွတ်တိုက်ပြီး တောက်တဲ့ကပ် ကပ်တော့တာပါပဲ။ အကွက်မပေါ်နဲ့ အင်္ကျီနဲ့ ပုဆိုးတွေနဲ့။ အိပ်ရေးမဝတဲ့ ပြူးကြောင်ကြောင် မျက်လုံးတွေနဲ့။ ချွေးနံ့တွေနဲ့။ (တညလုံး သူတို့ဆိုက္ကားပေါ်မှာ အိပ်ပြီး ဒီရထားကို စောင့်နေကြဟန် တူပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts