>What Burmese says on Pyo Min Thein exit from the 2010 Election

>

ပြည်ထောင်စု ဒီမိုကရေစီပါတီမှ ဦးဖြိုးမင်းသိန်း နှုတ်ထွက် သည့်အပေါ် ပြည်သူတို့ရဲ့ တုံ့ပြန်ချက်အချို့
ခင်နှင်းလွင်၊ ရန်ကုန်
သြဂုတ်၊ ၂၀၁၀
၂၀၁၀ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ရာ မှတ်ပုံတင်ထားတဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီမှ ဥက္ကဌ ဦးဖြိုးမင်းသိန်းဟာ ပါတီဥက္ကဌအဖြစ်မှ  ၅.၈.၂၀၁၀နေ့က နှုတ်ထွက်ကြောင်း ကြေငြာခဲ့ပါတယ်။
ယခုနှစ်ဆန်း မတ်လတွင် ရွေးကောက်ပွဲ ဥပဒေထွက်ပေါ်ပြီးနောက် ပါတီများ တည်ထောင်ကြရာတွင် ၂၀၁၀ ကျင်းပမယ့် ရွေးကောက်ပွဲနည်းလမ်းနဲ့ တဖြည်းဖြည်းပိုမိုကောင်းမွန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ထွက်လာနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပါဝင်လှုပ်ရှားခဲ့တာပါလို့ သူက ပြောဆိုခဲ့ပါတယ်။
သို့ပေမယ့်လို့ ပါတီတည်ထောင်ပြီး ၄လ၀န်းကျင် အကြာမှာ နကိုသူရည်ရွယ်မျှော်လင့်ထားခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရရေး၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ နိုင်ငံရေး အင်အားစုများ လွတ်လပ်စွာလှုပ်ရှားခွင့်ရရှိရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့်ရရှိရေး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်ဖို့ ဆိုတဲ့အချက်တွေ ပေါ်ထွက်လာဖို့ မမြင်လို့ အခုလိုနှုတ်ထွက်လိုက်တာ လို့ပြောဆိုပါတယ်။
ဒိပြင် အရေးကြီးတဲ့နောက် အချက်တချက်က ကြံ့ဖွံ့ပါတီအနေနဲ့ ရွေးကောက်ပွဲ ဥပဒေကိုဖေါက်ဖျက်ပြီး စည်းရုံးလှုပ်ရှားတာတွေ၊ ပါတီရန်ပုံငွေရယူတာတွေကိုလည်း ကော်မရှင်က အရေးယူတာမျိုးမရှိတဲ့ အချက်ကြောင့်လည်း ပါတီဥက္ကဌ အဖြစ်မှနှုတ်ထွက်လိုက်ရတာ လို့ဆိုပါတယ်။
သူနှုတ်ထွက်လိုက်တဲ့ သတင်းအပေါ်
“သူနှုတ်ထွက်တာ ကောင်းပါတယ်။ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ညီမနဲ့ ယူထားပြီးတော့ ဒီလို စစ်အစိုးရရွေးကောက်ပွဲကို အားပေးအားမြောက် လုပ်သလို ပါတီထောင်တာတော့ မကြိုက်ဘူး။ နောက်ပြီး သူပြောသလို ပြောခွင့်ရသလောက် ပြောချင်လို့ ဆိုတာကလည်း သူပြောခွင့်ဘယ်လောက် ရခဲ့လို့လဲ။ ကျွန်တော်ကတော့ သူနှုတ်ထွက်တာကို ကြိုဆိုတယ်”
လို့မကြာသေးခင်ကမှ ထောင်မှ လွတ်လာတဲ့ နိုင်ငံရေးသမား တစ်ဦးက သူ့အမြင်ကို ပြောပြခဲ့ပါတယ်။
အခြားသော နိုင်ငံရေး စိတ်ဝင်စားသူ တဦးကတော့
“သူထွက်တာ စောသေးတယ်လို့ မြင်တယ်။ဘာလို.လဲဆိုတော့ သူပြောချင်တာတွေ ကိုဆက်ပြောဖို. အချိန်ရှိသေးတယ်။ ရွေးကောက်ပွဲနီးမှ အယုံအကြည်မရှိဘူး ဆိုပြီး သူတင်မဟုတ်ဘူး သူ့ပါတီပါ နှုတ်ထွက်သင့်တယ်”လို့ ပြောပြခဲ့ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts