ခိုင်အောင်ကျော် (နယူးယောက်)

ခိုင်အောင်ကျော် (နယူးယောက်) – သူတို့ ကံကောင်းကြလေပြီ

သူတို့ ကံကောင်းကြလေပြီ
ခိုင်အောင်ကျော် (နယူးယောက်)
ဒီဇင်ဘာ ၁၊ ၂၀၁၃

တစ်ချိန်က သူတို့ ပြန်သွားကြလေပြီ ဆိုသော ရှေ့သို့ ဂျာနယ်က ဓါတ်ပုံကို ခုထက်ထိ အမှတ်ရနေမိသည် ။ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တော်လှန်ရေးကောင်စီတို့ ဆွေးနွေးမှု ပျက်ပြားပြီးနောက် ရဲဘော်ဋ္ဌေးတို့  ပဲခူးရိုးမတောတွင်းသို့  စမ်းချောင်းလေးကို ဖိနပ်လေးတွေ ကိုယ်စီကိုင်ပြီး ပြန်သွားသော ဓါတ်ပုံဖြစ်သည် ။ လွပ်လွပ်ရေးရရှိပြီးနောက် မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီအစိုးရစနစ်ဖြင့် ဒီမိုကရေစီနိုင်ငံဖြစ်လာခဲ့ သည် ။ သို့ သော် -၁၄-နှစ်အကြာ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးစီးသော တပ်မတော်က အာဏာသိမ်းပြီး ဒီမိုကရေစီအစိုးရကို ဖြုတ်ချခဲ့ သည် ။ ၁၉၆၂-ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် လက်နက်အားကိုးဖြင့် စစ်အာဏာကို တိတိကျကျ တည်ဆောက်လိုက်ခြင်းဖြစ်သည် ။  သို့ သော် ကျောင်းတော်က ရန်စရှိနှင့်ခဲ့ သော ဗမာပြည်ကွန်မြူနစ်က လက်နက်အင်အား တောင့်တင်း စွာဖြင့် ရှိနေသောကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဟန်ပြဖိတ်ခေါ်ခဲ့ သည် ။
ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြားသွားသောအခါ ဗမာပြည်ကွန်မြူနစ်က ခေါင်းဆောင်ကြီးတို့ သည် တောတွင်းသို့  လက်နက်ကိုင်တော်လှန်ရေးမှ အပ အခြားမရှိ ဆိုပြီး သူတို့  ပြန်သွားကြလေသည် ။   ၄င်းအချိန်ကပင် တော်လှန်ရေးကောင်စီ လက်ထက် တစ်လျှောက်လုံး ပြည်တွင်း၌ ပြသနာ တစ်စုံတရာ ဖြစ်တိုင်း ဗမာပြည်ကွန်မြူနစ်က ဗုံးဖေါက်ခွဲခြင်း- ကျောင်းများကို မီးရို့ ခြင်း-ဘုရားပုထိုးစေတီများ- ဖျက်ဆီးခြင်းစသည်တို့ ကို ပြုလုပ်သည်ဟု ထာဝစဉ်စွပ်စွဲ ရေးသားဖြန့် ချီခဲ့ သည် ။ သတင်းစာကို အစိုးရပိုင် ပြုလုပ်ထားသောကြောင့်ု  သတင်းစာကို ဖတ်ရှူရသော မြန်မာနိုင်ငံသားတို့ သည် အဟုတ်ကြီးထင်မှတ် နေခဲ့ ကြရသည် ။ 
၁၉၈၈-ခုနှစ်ထိ ဗမာပြည်ကွန်မြူနစ်က ယူဂျီများမွေး၍ -၈၈-အရေးအခင်းကို ဖန်တီးသည်ဟု စွပ်စွဲပြီး ဖမ်းဆီးရမိသော သူများကို တံဆိပ်တပ်ကာ မတရားထောင်ချ ခဲ့ သည် ။ မဆလအစိုးရ အမွေခံ န၀တ ခေတ်တွင်လည်း ပြည်ပ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ-ဗမာပြည်ကွန်မြူနစ်ပါတီ- အေဘီအက်စ်ဒီအက်ဖ်- စသည့်အဖွဲ့ များက အကြမ်းဖက် ဗုံးခွဲဖျက်ဆီးနေသည်ဟု လက်သည်မပေါ်သော ပြသနာတိုင်းမှာ နိုင်ငံတော်ပိုင် သတင်းစာ-ရေဒီိယိုများက လုပ်ကြံဖန်တီးရေးသား ဖေါ်ပြနေခဲ့ သည် ။ ယခုလက်ရှိ မြန်မာနိုင်ငံအစိုးရလက်ထက်တွင်မူ ယခင်အစိုးရလက်ထက်များကထက်  ပြည်တွင်းဗုံးဖေါက်ခွဲမှုများသည် နည်းပါးလာသည်ဟု ပြော၍ရသလို ယခင်ကလို စွပ်စွဲ ဖေါ်ပြ ရေးသား ထုတ်လွှင့်ခြင်းများ မရှိသလောက် တွေ့ ရသည် ။ တစ်ခုတော့ ရှိသည် ။ မဆလခေတ်မှ ယခုခေတ်ထိ ပြည်ပအဖွဲ့ အစည်းများကို စွပ်စွဲပြောဆိုခြင်းမှန်သမျှကို ပြည်သူတွေက မယုံကြည်ကြဘဲ ၄င်းကဲ့ သို့  ဗုံးဖေါက်ခွဲခြင်းသည် အစိုးရ၏ လုပ်ကြံမှုသာ ဖြစ်သည်ဟု တထစ်ချ ယုံကြည်ထားကြသည် ။ 
တစ်ချိန်က တော်လျန်ရေးကောင်စီ၏ ပြည်တွင်းငြိမ်းချမ်းရေး- န၀တအစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးမှ အဆက်ဖြစ်သော ယခုလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ များနှင့် ငြိမ်းချမ်းရေးအသွင်အပြင်တို့ ကို သုံးသပ်ကြည့်ဖြစ်သည် ။ ဤသည်မှာ အချက်နှစ်ချက် လွန်စွာကွာခြားနေခြင်းကြောင့်ဖြစ်သည် ။  တော်လှန်ရေးကောင်စီလက်ထက် ပြည်တွင်းငြိမ်းချမ်းရေး၌ အာဏာချိန်ခွင်လျှာ မညီမျှမှုကြောင့် အာဏာခွဲဝေရေးမှာ အမြင်မတူ သဘောမတူမှုကြောင့် ဖြစ်ရသည်ဟု ဆိုချင်သည် ။ တနည်းအားဖြင့် ကွန်မြူနစ်ဝါဒကို အခြေခံသော ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တည်ဆောက်ထားသော တော်လှန်ရေးကောင်စိတို့ ၏ သဘောတရားတို့ သည် သဟဇါတ မဖြစ်ခဲ့ ၍ ပြည်တွင်းငြိမ်းချမ်းရေးပျက်ပြားသွားခဲ့ ရခြင်းဖြစ်သည် ။ 
န၀တလက်ထက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်သောအခါတွင်ကား အာဏာခွဲဝေယူရေးဆိုသော နိုင်ငံရေးအာဏာမဲ့  ဘုံသဘောတူချက်ဖြင့် စီးပွားရေး လုပ်ကိုင်ခွင့်များ ပေးကာ ငြိမ်းချမ်းရေးကို ပြုလုပ်ခဲ့ ကြသည် ။ အင်အားကြီး ကရင်အမျုးသားအစည်းအရုံး- ကေအိုင်အို- ရှမ်းအပ်စ်အပ်စ်အေ- စသည့်အဖွဲ့ များက ကျန်ရှိနေသောလည်း ဆက်လက်ဆွေးနွေးခဲ့ ကြသည် ။ ခုတော့ အားလုံးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများသည် နိုင်ငံရေးအာဏာ ရရှိရေးအတွက် တွေ့ ဆုံဆွေးနွေးနေကြသလားဆိုသည်ကို အပြောရခက်နေသည် ။ တစ်ချိန်က ဗကပနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် နိုင်ငံရေးအာဏာ ခွဲဝေရေးဖြစ်ပြီး ယခုငြိမ်းချမ်းရေးပြုလုပ်ခြင်းသည် စီးပွားရေးအာဏာ ရရှိရေးဖြစ်နေသည် ။ 
ယခင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကို မတရားအသင်းကြေညာထားသည် ။ ၄င်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တို့ သည် ပြည်တွင်းမှာ ငြိမ်းချမ်းရေးကိုယ်စားလှယ်တော်များအဖြစ် ရင်ကော့ကာ သွားလာလှုပ်ရှားခွင့် ရနေကြပြီ ။  သူတို့ အဖို့  အမှန်တကယ် တွေ့ ဆုံရမည့်သူမှာ ကာကွယ်ရေးစစ်ဦးစီးချုပ် မင်းအောင်လှိုင်ဖြစ်သော်လည်း ၄င်းနှင့် မတွေ့ ဆုံဖြစ်ခြင်းကြောင့်  အကောင်းဖက်သို့  ဦးတည်လာနေပြီဟု ကောက်ချက်ချ၍ မရသေးချေ ။ မြန်မာနိုင်ငံတွင် အဓိက ကြိုးကိုင်ထားသူမှာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်၍ ကာကွယ်ရေးစစ်ဦးချုပ် မင်းအောင်လှိုင်က  ဗိုလ်ချုပ်မှူးကြီးသန်းရွှေကသာ သူ့ ကို ဖိအားပေးလျှင် ရာထူးမှ နုတ်ထွက်သွားမည်ဟု သတင်းတွေ ထွက်ပေါ်နေသည် ကြားရသည် ။ ဤသတင်းသာ အမှန်တကယ် ဆိုပါက ယခုထက်ထိ နိုင်ငံတော်အာဏာကို ဆုပ်ကိုင်ထားသူမှာ မည်သူဖြစ်သည်ကို သိရှိနိုင်သည် ။ 
တစ်ချိန်တည်းမှာပင်  သမ္မတ ဦးသိန်းစိန်၏ အစိုးရသည် မြန်မာနိုင်ငံတွင် သူ့ အားဖြုတ်ချရန် အတိုက်အခံ လုံးဝမရှိသော အစိုးရဖြစ်နေသည် ။  တော်လှန်ရေးကောင်စီခေတ်- န၀တခေတ်-နအဖခတ်ထိ အကြမ်းမဖက် နိုင်ငံရေးလှုပ်ရှားမှုမျာဲး့ သည် ပြည်တွင်းမှာကော ပြည်ပမှပါ ၂၀၁၀-ခုနှစ်ထိ ရှိနေခဲ့ သည် ။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းတွေကလည်း ရှိနေခဲ့ သည် ။  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရွေးကောက်ပွဲဝင်သွားသည့်အချိန်ကစ၍ မြန်မာနိုင်ငံအစိုးရသည် အတိုက်အခံများ၏ စစ်အစိုးရ ဖြုတ်ချရေးဆိုသော ကြွေးကြော်သံများကို သဂြိုလ်မြေမြုပ်နိုင်ခဲ့ သည် ။ 
သည့်နောက်တွင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများနှင့် တွေ့ ဆုံဆွေးနွေးပွဲများကို ပြုလုပ်
လာခဲ့ ပြီးနောက် တိုင်းရင်းသားခေါင်းဆောင်များကို ပြည်တွင်းတွင် မြင်တွေ့ ရတော့သည် ။ မင်္ဂလာရှိသော မြင်ကွင်းအချိန်ကာလများမို့  ကျွန်တော်တို့  အထူးစိတ်ဝမ်း ချမ်းမြေ့ ပျော်ရွှင်ရသည် ။ သို့ သော် မွန်ပြည်သစ်ပါတီမှ ငြိမ်းချမ်းရေးခေါင်းဆောင် နိုင်ငံသာက -၂၀၀၈-ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲမှသာ အကောင်းဆုံးဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင်ရပ်၍ ပြောဆိုနေသည်ကို မြင်ရသည် ။  စင်စစ်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့ စည်းပုံအခြေခံဥပဒေကို လိုအပ်သောအချက်အလက်လောက်ကိုသာ ပြင်ဆင်ရန်သာ စိတ်စောနေသည် ။ မွန်ပြည်သစ်ပါတီမှ အမှန်တကယ် လိုအပ်သော မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်တစ်ခုကို တည်ဆောက်ရန် ဖွဲ့ စည်းပုံတစ်ခုလုံးကို အသစ်ပြန်လည်ရေးဆွဲရန် လိုအပ်သည်ဟု ပြောဆိုသွားခြင်းဖြစ်သည် ။ သူတို့ နှစ်ယောက်သည်ပင် တစ်နေရာတည်း ရပ်၍ အမြင်မတူညီမှုများ ရှိနေသေးသည်ကို ဖွင့်ဟပြောဆိုဝန်ခံ သွားကြသည် ။ 

မည်သို့ ပင်ဆိုစေ ယခုအချိန်မှာ မည်သူတွေ ကံကောင်းနေကြပြီလဲ ဆိုသည်ကို စိတ်ထဲမှာ မေးခွန်းမေးမိသည် ။  ကျွန်တော်ထင်သည် ။ မြန်မာနိုင်ငံအစိုးရသည် သူ့ အားဖြုတ်ချရန် တောင်းဆိုသော အသံတွေကိုလည်း မကြားရတော့သလို လက်နက်ကိုင်ပြီး တော်လှန်နေသော အဖွဲ့ အစည်းများလည်း မရှိတော့ပြီမို့  သူတို့ အား ကံကောင်းနေပြီဟု ပြော၍ရလေမလား ဆိုသည်ကို သတိထားမိသည် ။ သို့ သော် -၂၀၁၅-ခုနှစ်တွင် သမ္မတအိမ်မက် -မက်နေသော သူများအတွက်လည်း ရွှေအိုရောင် အိပ်မက်ဖြင့် ရှိနေကြရာ သူတို့ အတွက်လည် ကံကောင်းနေပြီဟု ပြော၍ရလေမလား ။ တစ်ခုတော့ ပြောစရာ ရှိပါသည် ။ ကံဆိုးနေသူများမှာ တိုင်းရင်းသားလူမျိုးများသာ ဖြစ်ပါကြောင်း ———-

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts