>Than Shwe greeted with the advices of India’s Gandhi

>

မြန်မာစစ်ခေါင်းဆောင် သန်းရွှေ ငြိမ်းချမ်းစွာအာဏာဖီဆန်သူ ဂန္ဓီကြီးကို ဂါရ၀ပြု
မိုးမခ ဓာတ်ပုံသတင်း
ဇူလိုင် ၂၉၊ ၂၀၁၀
ဇူလိုင် ၂၇၊ အိန္ဒိယပြည်၊ နယူးဒေလီတွင် အလည်ရောက်နေသူ မြန်မာပြည်၏ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်ကို အိန္ဒိယအစိုးရက ဧည့်ခံကြိုဆိုခဲ့ပြီး Rajghat ဗိမာန်တွင် ကျဆုံးပြီးသူ၊ အိန္ဒိယ အမျိုးသားခေါင်းဆောင်၊ လွတ်လပ်ရေးဖခင်၊ လက်နက်မဲ့ ငြိမ်းချမ်းစွာဖြင့် အာဏာဖီဆန်ရေး တိုက်ပွဲဝင် အာဇာနည် မဟတ္တမဂန္ဓီ အား ဂါရ၀ပြုရန် စီစဉ်ပေးခဲ့သည်။ ထို့ပြင် ဂန္ဓီကြီး၏ ဆုံးမစာကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ရာ ဗိုလ်သန်းရွှေနှင့် ဇနီးသည်တို့ လက်ခံခဲ့ရသည်ကို တွေ့ရစဉ်။
စစ်အာဏာရှင်ကို လက်ခံကြိုဆိုသဖြင့် တိုင်းပြည်အနှံ့တွင် မြန်မာဒီမိုကရေစီရေး ထောက်ခံ အားပေးသူများက ခြိန့်ခြိန့်သဲအောင် ကန့်ကွက် ဆန္ဒပြ ရှုတ်ချခဲ့ကြသည်။ ဓာတ်ပုံ – Daylife Photo

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts