>Burmese run for Burma at SF Marathon

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ဆန်ဖရန်မာရသွန်တွင် မြန်မာပြည်နယ်စပ် ဆေးကုသူများအတွက် မြန်မာတို့ ပြေး
မိုးမခအထောက်တော် ၀၀၃
ဇူလိုင် ၂၆၊ ၂၀၁၀

ယမန်နေ့က ဆန်ဖရန်မာရသွန်ပွဲတော်တွင် ဘေးဧရိယာရောက် မြန်မာများကလည်း ၀င်ရောက်ဆင်နွဲခဲ့ကြသည်။ အထူးသဖြင့် Burma Humanitarian Mission အတွက် BADA အဖွဲ့၏ လှုံဆော်မှုဖြင့် Run for Burma အတွက် ပြေးကြသည်ဟု ဆိုသည်။ ထိုပြေးပွဲဖြင့် မြန်မာပြည်အကြောင်း လှုံဆော်ခြင်းနှင့် ထိုအဖွဲ့၏ ထိုင်း –  မြန်မာ နယ်စပ်တလျောက် ကျောပိုးအိတ်ဖြင့် ဆေးကုသပေးမှုလုပ်ငန်းများအတွက် ရန်ပုံငွေ ရရှိစေရန် ရည်ရွယ်သည်ဟု သိရသည်။

 မိုးမခသိရှိရသလောက် – ၁၃ မိုင် မာရသွန်တ၀က် အပြေးရှင် မြန်မာအမျိုးသမီး ၃ ဦး (အထက်တန်းကျောင်းသူ ၂ ဦး၊ ကောလိပ်ကျောင်းသူ ၁ ဦး)၊ ၁၃ မိုင် Progressive အပြေးရှင် အမျိုးသမီး ၁ ဦး၊ ၃ မိုင် မာရသွန်ငယ်ပြေးသူ မြန်မာကျောင်းသူ ၆ ဦး၊ ကောလိပ်ကျောင်းသူ ၁ ဦး၊ ကလေးငယ် ၂ ဦး၊ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး – စုစုပေါင်း ၁၆ ဦး ပါဝင်သည်ကို တွေ့ရသည်။

ရန်ပုံငွေ ရှာသည် ဆိုရာတွင် – ရည်ရွယ်ချက်နှင့် ပြေးသည့် အပြေးသမားများက မိမိတို့ မိသားစု၊ မိတ်ဆွေနှင့် ပတ်ဝန်းကျင်ထံက မိမိပြေးသည့်အတွက် အားပေးသည့် အလှူငွေကို ၀ိုင်းထည့်ကြရန်လည်း လိုက်လံစည်းရုံးရသည်ဟု ဆိုသည်။ ထိုအလှူုငွေများ မတည်နိုင်မှသာ မိမိရည်ရွယ်သည့် ရန်ပုံငွေအတွက် အလှူငွေ ရရှိမည် ဖြစ်သည်။ ယခုပြေးကြသည့် မြန်မာအများစုမှာ မြန်မာပြည်အရေး လှုံဆော်သည့် ရည်ရွယ်ချက်ကို အားပေးထောက်ခံသည့်သဘောဖြင့် ၀င်ရောက်ဆင်နွှဲခြင်း ဖြစ်သည်ကို တွေ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts