>Thee Brothers marked Burma Martyrs Day with Art Performance

>

သီးညီနောင်တို့က အာဇာနည်နေ့အမှတ်တရနှင့် ဗိုလ်ချုပ်ဖခင်ဂုဏ်ပြုအငြိမ့် ကပြ
မိုးမခအထောက်တော် (မဲဆောက်)
ဇူလိုင် ၂၀၊ ၂၀၁၀
ယမန်နေ့က အာဇာနည်နေ့ ဂုဏ်ပြုအခမ်းအနားနှင့် ဗိုလ်ချုပ်ဖခင်ဂုဏ်ပြုသဘင် အငြိမ့်ခန်းအစီအစဉ်ကို ချင်းမိုင်မြို့တွင် “သီးညီနောင်အဖွဲ့သားများ”က ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို နှစ်ပိုင်းခွဲ၍ ပြုလုပ်ခဲ့ရာ –  ပထမပိုင်းတွင် အာဇာနည်နေ့ အလေးပြုခြင်း၊ ဂုဏ်ပြုတေးသီချင်းများသီဆိုခြင်းများ ပြုလုပ်ခဲ့ပြီး၊  ဒုတိယပိုင်းတွင် ရုပ်သေး၊ ဒဿပန်းစိုက်ခန်း၊ ရိုးရာအကများနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတင်ဆက်သော “ဗိုလ်ချုပ်ဖခင် ဂုဏ်ပြုအငြိမ့်သဘင်” အစီအစဉ်ကို တင်ဆက်ခဲ့ပါတယ်။
သီးညီနောင်အဖွဲ့သားများတွင် – လူရွှင်တော် ကြယ်သီး (သီးလေးသီး)၊ ပန်သီး (သီးလေးသီး)၊ ဇီးသီး (သီးလေးသီး) နှင့် မြစပယ်ငုံ (ဆေးရောင်စုံ) တို့ ပါဝင်ပြီး  မင်းသမီး ရွှေရည်က ပါဝင်ကူညီ အားဖြည့်ထားကြပါတယ်။
သီးလေးသီးနဲ့ ဆေးရောင်စုံအငြိမ့်ကို ထူထောင်ခဲ့သူ၊ ယခု နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် စစ်အစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံနေတဲ့ အနုပညာရှင် ကိုဇာဂနာရဲ့ မကြာသေးမီက ကွယ်လွန်ခဲ့ရတဲ့ ဖခင်ကြီး ဦးနန်းညွန့်ဆွေ ရေးသားပေးခဲ့တဲ့ “ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုတေးထပ်” ကို သီဆိုပြီး အလေးပြုခဲ့ကြပါတယ်။
ပရိတ်သတ်များ ရုံအပြည့်အားပေးကြပြီး အနုပညာတင်ဆက်မှုများကိုလည်း ကျေနပ်နှစ်သက်ကြကြောင်း သိရပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts