>Mar Mar Aye – T Aung San

>

အောင်ဆန်းတိုင်
မာမာအေး
ဇူလိုင် ၁၉၊ ၂၀၁၀
တနေ့ တနေ့
‘ဆယ်စု’ ရွေ့တာ
‘ခြောက်ခါ – သုးံစွန်း’
ဒေါင်းဖလ်ဝန်းလည်း
မယွန်းလို့လို့
ယွန်းလို့လို့နှင့်
ညို့ညို့ရည်မှောင်
အာကာဘောင်မှာ
ညှိုးယောင်တမ်းတ
မှိုင်းပြပြဆင်
‘ဆန်းရုပ်သွင်’ ၊  ၊
ဖြုတ်ချည်းမြင်သော်
ဖခင်မြတ်နိုး
လွတ်ရန် ကြိုးသည့်
ဒေါင်းမျိုးမြန်မာ
နုံချာ ယခု
ပြာစု ဖွတ်ကျော
အတောမသတ်
သတ်သူ ချမ်းသာ
အာဏာမိန်းမူး
စစ်ဘီလူးအောက်
ကျရောက်လည်စင်း
အချင်းချင်းမှ
ဖြစ်ရပလေ
ကံတွေပါပဲ
ကြေကွဲခွင့်လွှတ်
ဝဋ်ကျွတ်ဖို့ရာ
အဖေလာလို့ တိုက်ပေးပါ။         ။
(၂၀၀၉ ဇူလိုင် ၁၉၊ တနလာင်္နေ့ ညနေ ၄ နာရီ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts