>Le Le Nwe Thein aka Metta Oo arrived Rangoon to attend Martyrs’ Day , some speculated

>

စစ်အစိုးရ၏ အာဇာနည်နေ့အခမ်းအနားတက်ရောက်ရန် 
အောင်ဆန်းဦးမိန်းမ မေတ္တာဦး ရောက်ပြီဟု ဆိုကြ
မိုးမခအထောက်တော် ၀၀၃
ဇူလိုင် ၁၇၊ ၂၀၁၀
လာမည့် ဇူလိုင်လ ၁၉ ရက် ၆၃ နှစ်မြောက် အာဇာနည်နေ့ကို စစ်အစိုးရက ၎င်း၏ အစိုးရအဖွဲ့များ၊ ကန့်သတ်ဖိတ်ကြားထားသူများနှင့် ကျင်းပမည်ဖြစ်ရာ အကျယ်ချုပ်ခံနေရသော အမျိုးသားခေါင်းဆောင်၊ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၏ တဦးတည်းသော သမီး၊ လက်ရှိမြန်မာပြည်၏ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယခုအချိန်အထိ ဖိတ်ကြားထားခြင်း မပြုလုပ်သေးဟု သိရှိရသည်။
ထိုအချိန်တွင် ဗိုလ်ချုပ်၏ သားတဦးဖြစ်သော်လည်း နှစ်ပေါင်းများစွာကတည်းက အမေရိကန်တွင် အခြေစိုက်နေထိုင်သူ အောင်ဆန်းဦး၏ မိန်းမဖြစ်သူ မေတ္တာဦး ခေါ် လဲ့လဲ့နွယ်သိန်း ပြည်ပမှ မြန်မာပြည်သို့ အလည်ရောက်ရှိနေသည်ကို မျက်မြင်တို့ တွေ့ရှိလိုက်ကြရာ စစ်အုပ်စု၏ အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ရန် လာသလား၊ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို တရားရင်ဆိုင်ရာတွင် ပြင်ဆင်မှုများ တိုင်ပင်မှုများ ပြုလုပ်ရန် လာလေသလားဟု သံသယရှိကြောင်း ထိုမျက်မြင်တို့က မိုးမခသို့ ထင်မြင်ချက်များ ပြောကြားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts