>funeral of Nan Nyunt Swe

>

ဆရာကြီး နန်းညွန့်ဆွေ၏ နောက်ဆုံးခရီး
ဓာတ်ပုံသတင်း
ဇူလိုင် ၁၅၊ ၂၀၁၀
ဆရာကြီး နန်းညွန့်ဆွေ၏ နာရေးသို့ စာပေနယ်၊ နိုင်ငံရေးနယ်မှ မိတ်ဆွေများက လိုက်ပါ ပို့ဆောင်ကြသည်။ ရန်ကုန်မြို့ ရေဝေး သုသာန်တွင် ယနေ့ သဂြိုင်္ဟ်ခဲ့သည်။ လွမ်းသူ့ပန်းခြင်းများတွင် ဇာဂနာ၊ ဒေါ်အောင်ဆန်းစုကြည်တို့၏ အမည်များကို တွေ့ရသည်။ (ဓာတ်ပုံများ – နာရေးကူညီမှုအသင်း)


ဇာဂနာ၊ ဇနီး၊ သား၊ သမီးတို့၏ လွမ်းသူ့ ပန်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ လွမ်းသူ့ ပန်းခြင်း



စာနယ်ဇင်းသမား တချို့
NLD ခေါင်းဆောင်များလည်း လိုက်ပါ ပို့ဆောင်ကြသည်။ ဆရာကြီး နန်းညွန့်ဆွေသည် NLD ရုံးချုပ်တွင် အာဇာနည်နေ့နှင့် ပတ်သက်ပြီး ၁၉၉၉ ခုနှစ်ခန့်က ဟောပြောပွဲ ပြုလုပ်ခဲ့သည်။ NLD နှင့် နီးစပ်မှုကြောင့် သူ၏ စာများကို အာဏာပိုင်တို့က ပိတ်ပင်ခဲ့ဖူးသည်။


နာရေးကူညီမှုအသင်းမှ ကိုကျော်သူ ပေးပို့သည့်
ဇာဂနာ ကိုယ်စား ပေးဆပ်မှုများ ဟု ခေါင်းစဉ် တပ်ထားသော စာတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

နိုင်ငံကျော် လူရွှင်တော်၊ စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင် ကိုဇာဂနာ (ခ) ကိုသူရ၏ ဖခင် စာရေးဆရာမကြီး (ဒေါ်ကြည်ဦး)၏ ခင်ပွန်း ဦးအောင်သိန်း (ခ) စာရေးဆရာ နန်းညွှန့်ဆွေ အသက် (၈၇) နှစ်သည် ၁၄.၇.၂၀၁၀ (ဗုဒ္ဓဟူး)နေ့ ညနေ (၅း၀၀) နာရီအချိန်တွင် ကွယ်လွန်သွားပါ၍ ၁၅.၇.၂၀၁၀ (ကြာသပတေး)နေ့ နံနက် (၁၁း၀၀) နာရီတွင် ရန်ကင်းမြို့နယ် အမှတ် (၃) ရပ်ကွက်၊ တိုက် (၂၁၆)၊ အခန်း (၆) နေအိမ်မှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် နိဗ္ဗာန်ယာဉ် မောင်းနှင်သယ်ဆောင်၍ ရေဝေးသုဿန်တွင် သံဃာတော်များ၊ စာနယ်ဇင်း ဆရာများ၊ အနုပညာရှင်များ၊ ဧည့်ပရိသတ်များစွာနှင့် စည်ကား သိုက်မြိုက်စွာဖြင့် မီးသင်္ဂြိုလ် ပြီးစီးခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အမှုဆောင်များ၊ အသင်းသူ/သားများက လွမ်းသူပန်းခြင်းများ ပို့ဆောင်ခြင်းနှင့် ဈာပနကိစ္စ အ၀၀တို့အား လိုလေသေးမရှိ ကူညီ ဖေးမ ဆောင်ရွက်ခဲ့ပါသည်။

ကျန်ရစ်သူ သားများဖြစ်သော ဦးတေဇ၊ ဦးသူရ(ခ) ဇာဂနာ နှင့် ဇနီး ဒေါ်သွင်မာဦး၊ မြေးများဖြစ်သော မောင်မြတ်ကောင်း၊ မငယ်ဦးမွန်တို့နှင့် ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါသည်။



ဦးဝင်းတင်
နာရေးကူညီမှု အသင်းဝင်များ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts