>Friends of Citizen of Burma (Newyork) joins with Burmese community to raise their activity presence

>

အမေရိကန်က ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ မြန်မာ့ပွဲတော်များတွင် ပူးပေါင်းဆောင်ရွက်မည်

မိုးမခအထောက်တော် ၀၀၂
ဇူလိုင် ၁၃၊ ၂၀၁၀
ယနေ့လက်ခံရရှိသော သတင်းထုတ်ပြန်ချက်အရ နယူးယောက်မြို့နေ ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများသည် နယူးယောက်မြို့ ရခိုင်သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲရင်း ပြည်သူ့ဂုဏ်ရည် အစီအစဉ်များ ပရိသတ်နှင့် ပိုမို ရင်းနှီးအောင် မိတ်ဆက်သည့် လှုပ်ရှားမှုများ ပြုလုပ်ကြမည် ဖြစ်ကြောင်း ကြေညာလိုက်သည်။ ၎င်းတို့၏ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
          ၎င်းတို့၏ အနုပညာဒီဇိုင်း ထုတ်လုပ်မှုများကို စတင်မိတ်ဆက်သည့် လှုပ်ရှားမှုတခုဟုလည်း ဆိုနိုင်သည်။

နယူးယောက်မြို့ “ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ” ၏ လှုပ်ရှားမှုများ

နယူးယောက်မြို့ (July 13, 2010) – ပြည်သူဂုဏ်ရည် မိတ်ဆွေများသည် ယခုလ ဇူလိုင်လ ၁၈ ရက်၊ တနင်္ဂနွေနေ့၊ နယူးယောက်မြို့တွင် ကျင်းပမည့် (၁၆) ကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန်ပွဲတွင် ဆိုင်ခန်း ၅ ခန်းယူကာ မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများနှင့် ပြည်သူ့ဂုဏ်ရည် တီရှပ်များကို ရောင်းချကြမည်ဖြစ်သည်။
ယခုကဲသို့ လုပ်ဆောင်ခြင်းအားဖြင့် ပြည်သူ့ဂုဏ်ရည် ရှေ့လုပ်ငန်းစဉ်မျာားအတွက် ရန်ပုံငွေ ရှာဖွေပေးနိုင်သလို နယူးယောက်ဝန်းကျင်နေ မြန်မာမိသားစုများနှင့် ဒေသခံများအကြား ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုအစီအစဉ်များအကြောင်း ပိုမိုကျယ်ပြန့်စွာ သိစေရန် ရည်ရွယ်သည်။
နယူးယောက်ရခိုင်သင်္ကြန်သည် အမေရိကန်အရှေ့ပိုင်းတွင် လူထောင်ချီကာ စုဝေးကြသော မြန်မာရိုးရာ ပျော်ပွဲရွှင်ပွဲတခု ဖစ်သည်။ သင်္ကြန်ပွဲလာပရိသတ်ကို ပို့စ်ကတ်များ ဝှေငှပေးမည်ဖြစ်သည်။
ဆိုင်းခန်းများဖွင့်လှစ် ရောင်းချရာတွင် လူအများမြင်သာထင်သာရှိစေရန် ဆိုင်ခန်းနဖူးစီးများတွင် ၂ ပေ အကျယ်နှင့် ၉ ပေအရှည်ရှိသော ကြော်ငြာဆိုင်းဘုတ်ဘန်နာများကို တပ်ဆင် အသုံးပြုမည်ဖြစ်သည်။ အဆိုပါ ဘန်နာတခုသည် ၇၂ ဒေါ်လာကုန်ကျပြီး စုစုပေါင်း ၅ ခု အတွက် ဒေါ်လာ  ၃၆၀  ကုန်ကျသည်။ ဘန်နာများကို ကြာရှည်ခံသော vinyl အသားပေါ်တွင် ပုံနှိပ်ထားကာ အခြားမြို့များတွင် ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများပြုလုပ်ပါကလည်း အဆိုပါ ဘန်နာများကို ပြန်လည် အသုံးပြုနိုင်စေရန် ရည်ရွယ်သည်။
ယခုသင်္ကြန်ပွဲတွင် ရောင်းချမည့် တီရှပ်များကိုလည်း ဒီဇိုင်းရိုးရိုးရှင်းရှင်းဖြင့် အများပြည်သူ ကြိုက်နှစ်သက်အောင် လုပ်ဆောင်ထားသည်။ အဆိုပာ တီရှပ်ရိုက်နှိပ်ခသည် တဒါဇင် ၃၄ ဒေါ်လာ ကုန်ကျမည်ဖြစ်သည်။ တခြားမြို့များတွင် အခမ်းအနားများကျင်းပပါကလည်း တီရှပ်ရောင်းကာ ရန်ပုံငွေရှာသည့်အတွက် ယခုတီရှပ်ကို မှာယူချင်ပါက နယူးယောက်မြို့ ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများက အကျိုးဆောင်ကူညီပေးနိုင်ပါသည်။
ဘန်နာများကို ငှားရမ်းအသုံးပြုလို၊ တီရှပ်များမှာယူလိုပါက နယူးယောက်မြို့နေ ပြည်သူ့ဂုဏ်ရည် စေတနာ့ဝန်ထမ်းများဖြစ်ကြသော ကိုဝေလ၏ ဖုန်းနံပါတ် 646-462-9017 နှင့် အောင်မိုးဝင်း၏ ဖုန်းနံပါတ် 917-512-8768 ထံ ဆက်သွယ် မေးမြန်းနိုင်ကြပါသည်။
ကျေးဇူးတင်လျက်
အောင်မိုးဝင်း
နယူးယောက်မြို့ ပြည်သူ့ဂုဏ်ရည် သတင်းနှင့် ပြန်ကြားရေး

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts