>The records of 3 child soldiers reported by U Aye Myint & Guiding Star Team

>

ကလေးစစ်သား ၃ ဦး အကြောင်း ဦးအေးမြင့်နဲ့ လမ်းပြကြယ် မှတ်တမ်းတင်ထား

မိုးမခ (ဦးအေးမြင့်နဲ့ လမ်းပြကြယ်အဖွဲ့ မှတဆင့်)

ဇူလိုင် ၁၂၊ ၂၀၁၀

ကလေးစစ်သားများအဖြစ် ဒေသခံစစ်တပ်များက အဓမ္မသိမ်းသွင်းခံထားရသည့် – မောင်ကိုကိုဦး (တပ်မ ၇၇၊ ခြေလျင်အမြောက်တပ်)၊ မောင်မင်းကိုသက် (ခ) ပိုင်ငြိမ်းချမ်း (သပိတ်ကျင်း အမှတ် ၂၊ စစ်လေ့ကျင့်ရေးတပ်)၊ မောင်ဟိန်းမင်းသန့် (ယခုအချိန်အထိ ရှာမတွေ့သေး) တို့၏ မွေးမှတ်တမ်း၊ မိဘထွက်ဆိုချက်တို့ကို စုစည်းထားသည့် မှတ်တမ်းကို သည်နေရာမှာ လေ့လာနိုင်ပြီ ဖြစ်သည်။

အသက် ၁၈ နှစ်အောက် ကလေးသူငယ်များကို နယ်မြေခံ စစ်တပ်များနှင့် ၎င်းတို့၏ အဆက်အသွယ်များက မိဘများထံက လှည့်ဖြား၍၎င်း၊ အတင်းအဓမ္မ အားဖြင့်၎င်း ကလေးစစ်သားများအဖြစ် ခေါ်ဆောင်ခြင်းများကို အများပြည်သူတို့၏ ထုတ်ဖော်ပြောဆိုမှုကြောင့်သာ သိသာထင်ရှားလာခြင်း ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts