>Burmeses on the move – MoeMaKa Ywar Zaw Gyi

>

သာသနာရေး ဖိတ်စာများ

မဟာမြိုင်ဘုန်းဘုရားစာသင်တိုက် ဆရာတော် အရှင်ဝိဇ္ဇာလင်္ကာရ ဈာပန ဖိတ်ကြားလွှာ
တောင်စွန်းဆရာတော်နဲ့ အရှင်ဇာဂရ တရားပွဲ ဖိတ်စာ
မိုးမခ ရွာဆော်ကြီး
ဇူလိုင် ၉၊ ၂၀၁၀

ယနေ့ လက်ခံရရှိတဲ့ ဖိတ်စာတွေကို တင်ဆက်လိုက်ပါတယ်။ ပြည်တွင်းပြည်ပ သာသနာပြုဆရာတော်တပါးဖြစ်တဲ့ မဟာမြိုင်ဘုန်းဘုရား စာသင်တိုက် ဆရာတော် အရှင်ဝဇ္ဇိာလင်္ကာရရဲ့ အန္တိမအဂ္ဂိဈာပန ပူဇော်ပွဲကို ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်က စာသင်တိုက်မှာ တနင်္ဂနွေနေ့ နံနက်ခင်းကစပြီး နေ့လည်ခင်းအထိ ကျင်းပမှာ ဖြစ်ပါတယ်။

နောက်တခုကတော့ အယ်လ်အေမြို့ရောက်ရှိနေတဲ့ တောင်စွန်းဆရာတော် ဦးဝီရိယနဲ့ ဓမ္မအေးရိပ်မဂ္ဂဇင်း အယ်ဒီတာ ဆရာတော် ဦးဇာဂရတို့ရဲ့ လာမည့် စနေနဲ့ တနင်္ဂနွေနေ့ ညနေခင်းတွေမှာ ဓမ္မာဇောတိကျောင်းမှာ တရားပွဲတွေ အသီးသီး ကျင်းပမှာ ဖြစ်ပါတယ်။ တရားပွဲလာ ပရိသတ်များကို အဟာရအလှူရှင်များ အနက် စာရေးဆရာ၊ ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ် – အင်းမ) ကလည်း အဟာရဒါနပြုထားတာကို တွေ့ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts