>Plague-infected rats reported in NayPyiDaw

>

နေပြည်တော်တွင် ကြွက်သေ ၆ ကောင်တွေ့ပြီးနောက် ပုလိပ်ရောဂါ တပ်လှန့်
Reuters သတင်းဌာန
ဇူလိုင် ၈၊ ၂၀၁၀ ယမန်နေ့က ကြေးမုံသတင်းစာတွင် ဖော်ပြထားသည့် ကြော်ငြာ


အစိုးရရုံးတခုတွင် ကြွက်သေများ တွေ့ရှိရသဖြင့် ကျန်းမာရေး ၀န်ကြီးဌာနက ကြွက်မှကူးစက်သော ရောဂါ တားဆီးကာကွယ်ရေး သတိပေးမှုများ ပြုလုပ်နေသည်ဟု အရာရှိတဦးက ပြောသည်။

မြို့တော်သစ် နေပြည်တော်ရှိ ၀န်ကြီးဌာနရုံးတခုတွင် ကြွက်သေ ၆ ကောင် တွေ့ရသည်ဟု ထိုအရာရှိက ပြောသည်။ သတင်းဌာနများသို့ တရားဝင် ပြောဆိုခွင့်ရှိသူ မဟုတ်သောကြောင့် ထိုအရာရှိက အမည်ဖော်ပြလိုခြင်း မရှိပေ။

အိမ်နှင့်ရုံးတွင် ကြွက်သေများ တွေ့ရှိပါက အနီးစပ်ဆုံး ကျန်းမာရေးဌာနသို့ သတင်းပို့ရန် ၀န်ထမ်းများကို တိုက်တွန်းထားသည်။

နေပြည်တော် – ရန်ကုန် ကားလမ်းမပေါ်တွင် ထောင်သောင်းချီသော ကြွက်များကို တွေ့ခဲ့ရသည်ဟု ဒေသခံများနှင့် ကားသမားများက ပြောသည်။

“ပြီးခဲ့တဲ့အပတ်က ကျနော် ရန်ကုန် ပြန်လာတော့ လမ်းမှာ ကြွက်တွေ ကားကြိတ်ခံထားရလို့ သေနေတာ ရာနဲ့ချီပြီး ရှိတာ တွေ့ရတယ်” ဟု ရန်ကုန်အခြေစိုက် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ ဦးမင်းကျော်က ပြောသည်။

ထိုင်းအခြေစိုက် ဧရာဝတီ မဂ္ဂဇင်းက ဇွန်လတွင် ရန်ကုန်မြို့ခံ တချို့ ပလိပ်ရောဂါ
ကူးစက်ခံနေရကြောင်း ကူးစက်ရောဂါဆိုင်ရာ ဆရာဝန်တဦးကို ကိုးကားပြီး ရေးသားဖော်ပြခဲ့သည်။ ကူးစက်ခံရသူများ ကုသမှု ခံယူပြီးနောက် ပြန်လည် နာလန်ထူလာနိုင်ပြီ ဖြစ်ကြောင်း ထိုသတင်းတွင် ရေးထားသည်။

ကျန်းမာရေးဌာန အရာရှိကြီးတဦးက Reuters သတင်းဌာနသို့ ပြောပြရာတွင် အာဏာပိုင်တို့က ကြွက်မှတဆင့် ကူးစက်သော ရောဂါနှင့် ပတ်သက်ပြီး သတိပေးမှုများ ထုတ်ပြန်ထားကြောင်း၊ ယခုအချိန်အထိ မည်သူမျှ ရောဂါကူးစက်ခံရခြင်း မရှိကြောင်း ပြောသည်။

ကြွက်သန်းမှ တဆင့် ကူးစက်မည့် ရောဂါ ပျံ့ပွားနိုင်ကြေီားင်းဇူလိုင် ၁ ရက်နေ့က နိုင်ငံပိုင် သတင်းစာများတွင် သတိပေးကြော်ငြာများ ဖော်ပြထားသည်။ သံသယ ရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ အကြောင်းကြားရန် ပြည်သူတို့ကို တိုက်တွန်းထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts