>motorbike factory in Pakokku city

>

မော်တော်ဆိုင်ကယ် မိတ်အင် ပခုက္ကူ
ဓာတ်ပုံသတင်း
ဇူလိုင် ၄၊ ၂၀၁၀

သွင်းကုန်အစားထိုး ဆိုင်ကယ်များကို ပခုက္ကူ စက်မှုဇုံတွင် တပ်ဆင် ထုတ်လုပ်နေပုံကို ဗုဒဟူးနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ဒေသခံများက ထိုဆိုင်ကယ်မျိုးကို ရုပ်ဆိုးဟု ခေါ်ကြသည်။ ဆိုင်ကယ်အစိတ်အပိုင်း ၆၅ ရာခိုင်နှုန်းမှာ ပြည်တွင်းဖြစ် ပစ္စည်းများ ဖြစ်သည်ဟု ဆိုသည်။ ပခုက္ကူ စက်မှုဇုံသည် သက်တမ်း ၁၂ နှစ် ရှိပြီ ဖြစ်သည်။ (ဓာတ်ပုံများ – မြန်မာ့အလင်း)

ချင်းတွင်းနဂါးများကုမ္ပဏီထုတ် 125 X Model-4 (ဒေသအခေါ်-ရုပ်ဆိုး) ဆိုင်ကယ်များ အရောင်းသွက်နေသည် ဟု ဆိုသည်။ စက်မှုဇုံတခုလုံး၏ ဆိုင်ကယ် အထွက်နှုန်းက တနှစ်လျှင် တသောင်းဝန်းကျင် ရှိသည်ဟု ဆိုသည်။

စက်မှုဇုံက ကားများလည်း ထုတ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts