Uncategorized

Khin Aung Aye – Poem

တို့တာဝန် အရေပြားများ
ခင်အောင်အေး
ဇွန် ၁၂၊ ၂၀၁၃
 
နေညိုပြီ
နေမချိုသေးဘူး

မရောက်သေးတဲ့ခေတ်ဆီ
ငါတို့ ရောက်နေသလိုလို
ပြောဆိုနေထိုင်ကြ

‘မီးတတို့လောက်..’ ကနေ
ရှေ့ထပ် မတက်နိုင်တဲ့
ဆက်ဆံရေးများ

စာဖွဲ့ဖို့ဆိုပြီး
မရှိ-ရှိတာကို ရှာကြံကလော်ထုတ်နေရတဲ့
ခန္ဓာကိုယ်တစ်နေရာရာက တက်တူးများ

မှားခဲ့တယ်
ကိုယ်စီကိုငှ အပြည့်အဝ
ဝေဝေဆာဆာ မှားခဲ့ကြ

ပန်းတိုင်း ပွင့်နေသလိုလို
ပြတင်းမှန်မှာ စတေကာတွေ ကပ်ကြ
တခစ်ခစ် ရယ်မော တွတ်ထိုးကြ

ပြီးရင်
၂၀၁၅ ကျရင်လို့
ချွဲပျစ်ကြ။     ။

ခင်အောင်အေး
၉၊ ဇွန်လ၊ ၂၀၁၃   တွင်းန်ဘရွတ်ခ်၊ မေရီလင်းဒ် ၁၉း၂၇ နာရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts