Letter to MoeMaKa

Letter from Hinthada

ဟင်္သာတ ပျဉ်မချောင်းရပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ မကျေနပ်မှု တိုင်ကြားစာ
ပျဉ်မချောင်းပြည်သူတဦး၊ ဇွန် ၁၃၊ ၂၀၁၃

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတမြို့၊ ညောင်ပင်ရပ်၊ ပျဉ်းမချောင်းရပ်ကွက်တွင် အခုလက်ရှိအုပ်ချုပ်ရေးမှူးကို ရပ်ကွက်နေမြို့မိမြို့ဖ နှင့် ပြည်သူတို့က လိုလားကြပါတယ်။ ဒါပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်း နှင့် ယခင်အုပ်ချုပ်ရေးမှူးဟောင်းနှင့် သူနောက်လိုက်များက မလိုလားကြဘဲ ဖယ်ချချင်ကြတယ်။
ဒါကြောင့် တိုင်စာအမျိုးမျိုး နှင့်လူမှုရေးဖောက်ပြန်တယ်လို့ လက်မှတ်တွေထိုး လုပ်ကြံတိုင်းကြားခဲ့ကြပါတယ်။ တိုင်တဲ့သူတွေက လက်မှတ်သာ ထိုးရတယ် အကြောင်းစုံမသိခဲ့ကြပါ။ အဲဒီလို မဟုတ်မမှန်တာတွေလုပ်ခြင်းသည် ကြီးကြပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖများရဲ့ အားနည်းချက်လို့ အထက်ကဆိုပြီး လက်ရှိခန့်ထားသော အုပ်ချုပ်ရေးမှူးကို  ပြန်လည် ရွေးချယ်ရမယ်ဆိုပြီး ဇွန် ၈၊ ၂၀၁၃ မှာ မြိုနယ်အုပ်ချုပ်ရေးမှူးရုံးမှာ လူထုကို ခေါ်ယူအသိပေးခဲ့ပါတယ်။
 ကျွန်တော်တို့ ရပ်မိရပ်ဖ အဖွဲ့အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းကိုယ်တိုင် ကြီးကြပ်ရေးအဖွဲ့ အဖြစ်တာဝန်ပေးခဲပြီး၊ သတ်မှတ်ထားသောကာလ (၁၀) ရက်အတွင်း ပြီးမြောက်အောင်လည်း တာဝန်ပေး ဆောင်ရွက်စေခဲ့တယ်။
ကျွန်တော်တို့သည် ဥပဒေဘောင်အတွင်းမှ ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်ခဲ့ပါတယ်။ ပြသနာတစုံတရာမဖြစ်ဘဲ တည်ငြိမ်အေးချမ်းစွာ ပြည်သူများ၏သဘောထားဆန္ဒကို တောင်းဆိုခဲ့ကြပါတယ်။ ပြည်သူတွေက သဘောထားကို ထုတ်ဖော်ခဲ့ရာမှာ …
အခုလို ‘ကြီးကြပ်မှုညံ့ဖျင်းလို့ဆိုပြီး ပြန်ရွေးချယ်မှာကို”  လက်မခံကြပါသဖြင့် မြို့မိမြို့ဖ နှင့် ပျဉ်းမချောင်းရပ် ပြည်သူလူထု အယောက် (၇၃၄) ဦးလက်မှတ်ရေးထိုးပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ်ဆီလိပ်မူ ပြီး အခြားသက်ဆိုင်ရာ ဌာနများ ကိုလည်းတိုင်ကြားထားပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦတင်အောင်ဝင်းဆီ အကြောင်းစုံမေးမြန်းနိုင်ရန် 0949818333 ကိုထည်းပေးလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts