>26th June 2010 – Burmese Journal Headlines Digest

>

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ
ဂျာနယ်ဂြိုဟ် သာဂိ
ဇွန် ၂၆ ၊ ၂၀၁၀
 သန်လျက်စွန်းမှ ကြည့်မြင်တိုင် ဟုမ်းလမ်းမှတ်တိုင်အထိ ရန်ကုန်မြစ်ဘက်ခြမ်း ကားလမ်းဖောက်မည်
(လူနေအိမ်ပေါင်း – ၈၀၇ လုံး ပါ၊ သစ်တောမှ ၆၅၈ လုံး အများဆုံး ဖယ်ရှားခံရ)
သဘာဝဓာတ်ငွေ့ကြောင့် မီးလာချိန်များ တိုးမြှင့်ပေးဟု ဆို
ရန်ကုန်မှာ ရွေးကောက်ပွဲ မဲရုံသရုပ်ပြပွဲ ကျင်းပ၊ မဲရုံမှူးက အများရှေ့တွင် မဲရေတွက်ပြမည်
ကျောက်ဖြူ – ယူနန် ဓာတ်ငွေ့လိုင်း ၄ ပိုင်းခွဲ၊ မြစ်ဖြတ် ၁၀ ခုနှင့် ဥမင် ၁ ခု ပါဝင်
ပန်းချီဆရာ ၅၄ ဦးဖြင့် MoreKha ပန်းချီခန်းဖွင့်
ဇွန်လ ၃၀ နောက်ဆုံး ကာတွန်းပြိုင်ပွဲ ပါဝင်ရန် ဖိတ်ခေါ်
ပန်းချီသန်းမြင့်အောင် အမှတ်တရ ပန်းချီပြပွဲ ၆၂ ဦး၏  ကား ၇၀ ကျော် ရောင်းချနိုင်ခဲ့ – လူမှုရေးလှူဒါန်းမှုများတွင် သုံးစွဲမည်။
အက်ဖ်အီးစီကို ဒေါ်လာကဲ့သို့ သုံးစွဲခွင့်ပြုလိုက်ပြီ၊ အစိုးရခွင့်ပြုဘဏ်များတွင် ဒေါ်လာအဖြစ် ပြန်ထုတ်နိုင်
မန္တလေးတွင် ဈေးသင့်ဆိုင်ကယ်များ ရောင်းကောင်း၊ တရုတ် ၅ သိန်း၊ ဂျပန် ၁၀ သိန်း၊ ယိုးဒယား ၁၀ သိန်း (၉၈၊ ၉၉ မော်ဒယ်)
မီးလောင်လေယာဉ် အရေးပေါ်ကယ်ဆယ်မှု လေ့ကျင့်ခန်း ရန်ကုန်လေဆိပ်တွင် ပြုလုပ်
ငါးသိန်းတန် ဖုံးများ အမြန်ဆုံး ရောင်းပေးနေပြီ၊ ဇွန် ၂၁ မှ စ၍ အလုံး ၈ သောင်း ထပ်ပေးမည်။
သင်္ကြန်ဗုံးကွဲမှု ထိခိုက်သူ ဦးရေ ၁၇၀ ကျော်တွင် မေ ၂၅ စာရင်းအရ တဦးသာ ဆေးရုံမှာ ကျန်တော့သည်။
မြန်မာ ဘင်္ဂလားနယ်စပ်တွင် မိုးသည်းပြီး ရေလွှမ်း၊ တောင်ပြို၊ လူအများ သေဆုံး
သံလျင်တံတားပေါ်တွင် ဘတ်စကားတစီး မီးလောင်၊ ကားသစ်ဖြစ်၍ ခရီးသည်များ မပါ
မြ၀တီ နဲ့ မြန်မာ့ရုပ်မြင် ဇွန် ၁၆ တွင် ကမ္ဘာ့ဘောလုံးပွဲစဉ် ထုတ်လွှင့်နိုင်ခြင်း မရှိ
ပြည်သူ့ခေတ်ဂျာနယ် အယ်ချုပ် ဖေမြင့်နဲ့ တွေ့ဆုံခြင်း၊ – မျိုးညွန့်
ဖြူဖြူကျော်သိန်း ဖေ့စ်ဘွတ်ခ်မှာ အစစ်မဟုတ်သဖြင့် သတိပြုကြရန် ပြောကြား
ဒွေးဇနီး စာသင်စာကျက်ဝိုင်းတွင် ဒါရိုက်တာ ငြိမ်းမင်း စာသင်ပေးမည်
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် (ငြိမ်း) ၏ နှစ် ၅၀ ကျော် ကိုယ်တွေ့ စာအုပ်ထွက်ပြီ။ ဗိုလ်ထွန်းကြည် (မုံရွာ) ဟု ကလောင်နံမယ်ပေးထား၊ ၎င်း၏ မိသားစုဝင်တဦးဖြစ်သော (ကိုတာ) ၏ မုံရွေးစာပေတိုက်က ထုတ်ဝေခြင်း ဖြစ်သည်။
မျိုးကျော့မြိုင်နှင့် တွေ့ဆုံခြင်း – မေသူကျော်
အလှည့်ကျ မီးပေးစနစ်၊ ကမ္ဘာ့ဖလားဘောလုံးပွဲ – လက်ဖက်ရည်ဆိုင်များ ရောင်းအားကောင်း
ကော်ပီခွေတွေ့သော ဒီဗီဒီရုံနှင့် ကာရာအိုကေဆိုင်များကို အရေးယူနေပြီ၊ ထောင် ၃ နှစ်
ဖယောင်းတိုင်မှ တဆင့် ကန်တော်လေးတွင် မီးလောင်၊ အိမ်နေ အဘွားအိုတဦး မီးဟတ်ခံရ
ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဖွင့်ပြီ၊ မူလအစိုးရ၀န်ထမ်းများက ကူညီလုပ်ကိုင်ပေးနေ။
မန္တလေးတွင် ကြိတ်ကြိတ်တိုးနေ။ နေပြည်တော်နဲ့ ပျဉ်းမနားတွင် ၃ ဆိုင် ဖွင့်ထားပြီ။ မွန် – ကရင် – ပဲခူးတွင်လည်း ဆိုင်များဖွင့်။ ဓာတ်ဆီ တဂါလံ ၂၅၀၀။ ဒီဇယ် ၃၀၀၀ ကျပ်။
ကမာရွတ်ရေခဲစက် ပေါက်ကွဲ၊ လူ ၃ ဦး ဒဏ်ရာ ရ။
ဖုန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးသည့် Hello Universal ကတ် ပြန်လည် စိစစ်နေ၍ နှောင့်နှေး
ပြည်ပလေကြောင်းလက်မှတ် ရောင်းအား ၃၀ ရာခိုင်နှုန်း ပြန်တက်။
နှစ်ကျိတ် ရှစ်ဆူ ဘုရားများနဲ့ သက်ဆိုင်သော သစ်ပင်များ နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် စိုက်မည်
၂၀၀၉ ခုနှစ် တက္ကသိုလ်ဝင်ခွင့်အမှတ်စာရင်း – ရေကြောင်း၊ နိုင်ငံခြားဘာသာသိပ္ပံ၊ ဆေး၊ သွား၊ လေကြောင်းနဲ့ အာကာသ၊ ကွန်ပျူတာ၊ စီးပွားရေး၊ နည်းပညာ၊ ပညာရေး၊ ဟူ၍ အမှတ်များ ကွဲ (လိုချင်တဲ့ တက္ကသိုလ်မရက ပြည်ပသွားမည်ဟု အချို့က ဆိုသည်)
မကွေးတိုင်း၊ မင်းလှမြို့၊ သမိုင်းဝင် မင်းလှခံတပ်အနီးတွင် ဘုရင်ခေတ် ကြေးနန်းရုံး ရှိသည်
မလေးရှား – မြန်မာ လေကြောင်းလိုင်း မလေး ၂၉ ရင်းဂစ်နဲ့ ပြေးဆွဲမည်
နှစ်စဉ် ပန်းချီပြပွဲနဲ့အတူ စာအုပ်ပြပွဲများ၊ စာတမ်းဖတ်ပွဲများ ပြုလုပ်လာကြ၊ ၂၀၀၉ တွင် ပျမ်းမျှ ၁၅ ပွဲ၊ ၂၀၁၀ တွင် ပျမ်းမျှ ပွဲ ၂၀ ကျော် လာပြီ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts