>BAWA host DASSK 65 at the bay

>

ဆန်ဖရန်စစ္စကိုဘေးဧရိယာအမျိုးသမီးအဖွဲ့က ဒေါ်စုမွေးနေ့တွင် ဖြူဖြူသင်းကို ဂုဏ်ပြု
မိုးမခ ဓာတ်ပုံသတင်း
ဇွန် ၂၀၊ ၂၀၁၀

ယမန်နေ့က ဘေးဧရိယာ၊ ပန်းခြံတခုတွင် ဗမာအမေရိကန်အမျိုးသမီးမဟာမိတ်အဖွဲ့က နှစ်စဉ်ကျင်းပနေကျ ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ် မွေးနေ့ ကို မြန်မာမိသားစုများ၊ အမေရိကန်မိသားစုများနှင့် လက်တွဲကျင်းပခဲ့သည်။

ထူးခြားချက်အဖြစ် ၎င်းတို့အဖွဲ့အား ထူထောင်ခဲ့သူ အမျိုးသမီးစွမ်းဆောင်သူတဦး ဖြစ်သည့် ဒေါ်ရီရီလေး အထိမ်းအမှတ်ဆုကို ကယ်လီဖိုးနီးယားပြည်နယ်တွင် မြန်မာအရေးလှုပ်ရှားမှုများတွင် ထင်ရှားသူ ဒေါက်တာအောင်ခင်အား၎င်း၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဂုဏ်ပြုဆုကို မြန်မာပြည်တွင်းက အင်န်အယ်ဒီပါတီလူငယ်ခေါင်းဆောင်တဦးဖြစ်သော မဖြူဖြူသင်းအား၎င်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်ကို တွေ့ရသည်။ မဖြူဖြူသင်းကိုယ်စား အင်န်အယ်ဒီပါတီ လူငယ်ခေါင်းဆောင်တဦးလည်း ဖြစ်၊ ၂၀၀၃ မေလ ၃၀ စစ်အစိုးရအလိုတော်ရိများ၏ ဒီပဲယင်းလုပ်ကြံမှုကြီးတွင် ဒေါ်စုအနီးတွင် ကာကွယ်ခဲ့သူ၊ မျက်မြင်သက်သေတဦး ဖြစ်သူ ကိုတိုးလွင်က ဆုကို လက်ခံရယူခဲ့သည်။

စောင်းပညာရှင် မဆုဝေအပါအ၀င် မြန်မာလူငယ်များ၊ ကလေးသူငယ်များက ၎င်းတို့၏ အစွမ်းအစများနှင့် ဒေါ်စုမွေးနေ့ကို ဂုဏ်ပြုကြသည်။ ဧည့်ပရိသတ် ၁၀၀ နီးပါးတက်ရောက်ပြီး နေ့ခင်း ၁၁ နာရီမှ ၃ နာရီအထိ ကျင်းပခဲ့သည်။ မဖြူဖြူသင်း အသံသွင်းပေးသည့် နှုတ်ခွန်းဆက်စကားကို အခမ်းအနားနိဂုံးအပြီးတွင် ထုတ်လွှင့်ပေးခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts