>One Month of Passing of Thu Maung – MoemaKa Photos

>

စာရေးဆရာ အနုပညာသည် သုမောင် ကွယ်လွန်ခြင်း တလပြည့်
မိုးမခဓာတ်ပုံသတင်း
ဇွန် ၁၇၊ ၂၀၁၀
 ယမန်နေ့က စာရေးဆရာ၊ ရုပ်ရှင်နဲ့ ဂီတ အနုပညာသည် သုမောင် ကွယ်လွန်ခြင်း ၁ လပြည့် မှာ ရန်ကုန်၊ သင်္ကန်းကျွန်း၊ ကျန်ရစ်သူအိမ်မှာ ကျင်းပပါတယ်။ ဆရာရဲ့ စာအုပ်များ၊ ဓာတ်ပုံများ၊ မိသားစု အမှတ်တရများ ခင်းကျင်းပြသထားတာကို တွေ့ရတာ ဖြစ်ပါတယ်။ ပုံမှာ သာဓု၏ သားများ၊ သုမောင်၏ ညီအကို မောင်ရူပနဲ့ မင်းလူကို တွေ့ရတာ ဖြစ်ပါတယ်။
စာဖတ်သူတဦးက ပြောကြားရာတွင် ထိုညနေက ကမ္ဘာဖလားဘောလုံးပွဲကို ဖမ်းယူရန် အခက်အခဲရှိသည်ဟု ဆိုပြီး မြ၀တီရုပ်သံက (ဦး)သုမောင်၏ သားဖြစ်သူ ဖိုးသောကြာ၏ တပါးသီလရုပ်သံဇာတ်လမ်းကို ပြန်လည် ထုတ်လွှင့်သွားသည်ကို တွေ့ရသဖြင့် ထူးခြားမှုတခုဟု ပြောသွားပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts