>FFSS (Yangon) Charity & Volunteer Works Updates

>

ဇွန်လ ဒုတိယပတ် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လှုပ်ရှားမှုများ
နာရေးကူညီမှုအသင်း၏ ဝေမျှမှု၊ မိုးမခက ပြန်လည်တင်ဆက်သည်
ဇွန် ၉၊ ၂၀၁၀

ရေအောင်ပွဲ

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ရေတိုစီမံကိန်းဖြစ်သော သောက်သုံးရေ လှူဒါန်းခြင်းအပြင် ရေရှည်စီမံကိန်းဖြစ်သော အ၀ီစိတွင်းရေ တူးဖော်ခြင်း လုပ်ငန်းများကို မြို့ခံ၊ နယ်ခံ၊ ရွာခံ ပြည်သူလူထုနှင့် ပူးပေါင်းပြီး ရေဒုက္ခသည်များထံသို့ ပံ့ပိုးမှုများ လုပ်ခဲ့ရာတွင် ယခု ပဲခူးမြို့နယ်၊ ကျောင်းတိုက်ကျေးရွာနှင့် ခနာကျေးရွာတို့တွင် အ၀ီစိတူးဖော်ခြင်းလုပ်ငန်းကို ပြုလုပ်ခဲ့ရာ (၆.၆.၂၀၁၀)  (တနင်္ဂနွေ) နေ့တွင် သုံးရေများ အောင်မြင်စွာဖြင့် အခက်အခဲများကြားမှ တူးဖော်ရရှိ ခဲ့ပါသည်။
ယင်း တူးဖော်ရရှိသော ရေများသည် သောက်သုံးရန် သင့်/မသင့်ကို ဓါတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပါသည်။ အများပြည်သူအတွက် … အများပြည်သူကောင်းမှုတော် သာဓု ခေါ်ဆိုနိုင်ပါစေ သတည်း ။

ဆားကန်ကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပန

တစ်ဖက်မှာလည်း သောက်သုံးရေ လိုအပ်နေသော မြို့နယ်၊ ကျေးရွာ ဒေသများသို့ ရေတို/ရေရှည် စီမံကိန်းများ ချမှတ်၍ စီစဉ်ဆောက်ရွက်မှုများ ပြုလုပ်နေသလို တစ်ဖက်တွင်လည်း နာရေးဈာပန ကိစ္စရပ်များနှင့် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ဆေးဝါးကုသပေးခြင်း ကိစ္စရပ်များလည်း နေ့စဉ် အခမဲ့ ကုသိုလ်ဖြစ် ဆောက်ရွက်ပေးလျှက် ရှိပါသည်။
ယနေ့ (၈.၆.၂၀၁၀) (အင်္ဂါ)နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဆားကန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ-ကုဏ္ဍလ၊ သက်တော် (၈၆)နှစ်၊ သိက္ခာတော် (၆၁)၀ါ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားအား နေ့လည် (၂း၀၀) နာရီတွင် ကျင်းပခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် မော်တော်ယာဉ်မောင်းနှင်၍ ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ရေဝေးသုဿန်သို့ ပင့်ဆောင်ကူညီမှု ပေးခဲ့ပါသည်။

နောက်တစ်ခါ လာပြန်ပြီဟေ့ . . .

      Shun Cai (စွင့်ချိုင်) ဆံပင်နှင့် အလှပြုပြင်ရေးမှ  ကိုဂျွန်ဆင် ဦးစီးပြီး ဆံသပညာရှင် (၃၀) ဦးတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်) မြောက်ဒဂုံရုံးသို့ ၂၀၁၀ ခုနှစ်အတွင်း တတိယ အကြိမ်မြောက် အဖြစ် (၅.၆.၂၀၁၀) (စနေနေ့)တွင်လည်း နာရေးကူညီမှု အသင်းသူ/သားများနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း တတ်ရောက်နေကြသော မျိုးဆက်သစ် ကလေးငယ်များတို့ အပြင် နာရေးကူညီမှုအသင်းသို့ အလှူငွေများ လာရောက်လှူဒါန်းကြသော အလှူရှင်များနှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ပြီးဆေးဝါး ကုသကြသော လူနာများ၊ လူနာရှင်များတို့အား မိမိတို့ တတ်ကျွမ်းသော ဆံပင်ညှပ်ခြင်း ပညာရပ်ဖြင့် ကုသိုလ်ဒါန ပြုခဲ့ကြပါသည်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts