>Kyaw Kyaw – 2010 South Africa World Cup

>

၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလား သတင်းတိုထွာ (၁)
ကျော်ကျော်

– ဂျွန် ၁၁ ရက်နေ့တွင် စတင်မည့် ကမ္ဘာ့ဖလားဘောလုံးပွဲကို နိုင်ငံပေါင်း ၂၀၈ နိုင်ငံမှ တီဗီရုပ်သံလွှင့်လိုင်း ၄၀၀ တို့မှ ကြည့်ရှုကြမည်။ စုစုပေါင်းပွဲစဉ် ၆၄ ပွဲကို ဂျွန် ၁၁ မှ ဇူလိုင် ၁၁ နေ့အထိ တလကြာ ကျင်းပမည်။

– ယခင် ၂၀၀၆ နှစ် ဖလားပွဲကို လူဦးရေ ၂၆ ဘီလီယံ တီဗီမှ ကြည့်ရှုအားပေးခဲ့သည်။ ဖလားပွဲဗိုလ်လုပွဲကို တကမ္ဘာလုံးမှ လူဦးရေ ၇၁၅ သန်းကျော်၊ အမေရိကန်မှ စူပါဘိုးလ်(Super Bowl) ကို ၁၀၆ သန်းကျော် နှင့် အမ်ဘီအေ (NBA) ဗိုလ်လုပွဲကို ၈ သန်းကျော် ကြည့်ရှုခဲ့ကြောင်း သိရသည်။

– ဖလားပွဲကြည့်ရန် ပေါ်တူဂီမှ ဘော်လုံးဝါသနာအိုး ၃ ယောက် ကားတစီးဖြင့် ၄၂ ရက်ကြာခရီးနှင်ပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံကို ဖြတ်သန်းကာ တောင်အာဖရိကိုရောက်ရှိခဲ့သည်။

– Chartered Management Institute ရဲ့ စစ်တမ်းအရ ကမ္ဘာ့ဖလားပွဲကြောင့် ၀န်ထမ်းများ အလုပ်ခွင်ပေါ် စိတ်ဝင်စားမှု အားနည်းလာခြင်း၊ ခွင့်ယူမည့်သူများလာခြင်းတို့ကို ကုမ္ပဏီ မန်နေဂျာများက စိုးရိမ်နေကြသည်။

– Android မိုဘိုင်းဖုန်းများဖြစ်သော Motorola Droid, HTC Droid Eris, Motorola Devour, နှင့် LG Ally သုံးစွဲနေသူများ ဖလားပွဲအစအဆုံး ပွဲစဉ် ၆၄ ပွဲကို V Cast Video ဖြင့် တိုက်ရိုက် ကြည့်ရှုနိုင်မည်ဟု Verizon ဖုန်းကုမ္ပဏီမှ ပြောကြားသည်။

– ဘရာဇီးအသင်း ကစားမည့်ရက်များ၌ ဘရာဇီးမှ ကုမ္ပဏီဝန်းထမ်းများအား နေ့တ၀က်ခွင့်ပေးမည်။

– မိုဘိုင်းဖုန်းသုံး၍ ဖုန်းခေါ်၊ တက်စ်မက်ဆေ့ခ်ျပို့၊ ဓာတ်ပုံပို့ ခြင်းတို့ဖြင့် ဘောလုံးပွဲ တပွဲတည်း၌ပင် ဖုန်းဖိုး ပေါင် ၁၀၀ ကျော် ကုန်ကျနိုင်ကြောင်း Consumer Focus မှ အင်္ဂလန်ဘောလုံး ၀ါသနာအိုးများအား သတိပေး ပြောကြားသည်။

(အင်တာနက် သတင်းများမှ စုဆောင်းထားသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts