>Thee Brothers will produce Info-tainment VCD on Environmental Issues


>

သီးသုံးဖော်က သီးညီနောင်လှုပ်ရှားမှုပြုလုပ် – သန့်ရှင်းစင်ကြည် မြစ်နဒီ VCD

မိုးမခအထောက်တော် ၀၀၃
ဇွန် ၇၊ ၂၀၁၀

သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့က ဇီးသီး၊ ပန်းသီး၊ ကြယ်သီး နှင့် မင်းသမီး မြစပယ်ငုံတို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ရေကာတာများအကြောင်း ပညာပေး ရုပ်သံအခွေ – “သန့်ရှင်းစင်ကြည် မြနဒီ” ရိုက်ကူးထုတ်လုပ်နေကြောင်း ကြားသိရသည်။

၎င်းတို့ အနုပညာလှုပ်ရှားမှုကို သီးညီနောင်အဖြစ် အမည်ယူထားပြီး ထိုင်းနိုင်ငံအခြေစိုက် “မြစ်ချောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့”နှင့် ပူးပေါင်းပြီး  စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ရုပ်သံ သရုပ်ဆောင်များစွာလည်း ပါဝင် ပံ့ပိုးကြသည်ဟု ဆိုသည်။

ဇာတ်လမ်းကို သံချပ်-သူရိန်ထက် (ဂျပန်)၊ မောင်ဖိုးဇော် (စကားဝါမြေ) တို့က၎င်း၊ တေးသီချင်းများကို   ကိုယဉ်ထွေး (USA) နှင့် စိန်သွားတို့က၎င်း၊ ကင်မရာကို ထိုင်း၊ မြန်မာ ပညာရှင်များက၎င်း ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည်ဟု ဖိုးဇော် (စကားဝါမြေ)က မိုးမခသို့ ပြောသည်။

ထူးခြားချက်တခုမှာ အခွေကို အင်္ဂလိပ်စာတမ်းထိုးထားပေးခြင်း ဖြစ်သည်ဟု လူရွှင်တော် ပန်းသီးက ပြောကြားသည်။


၎င်းတို့ အနုပညာတင်ဆက်မှု ဓာတ်ပုံမှတ်တမ်းများကို တင်ဆက်လိုက်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts