>FFSS (Yangon) Charity & Volunteer Works Updates

>

ဇွန်လ ပထမပတ် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လှုပ်ရှားမှုများ
နာရေးကူညီမှုအသင်း၏ ဝေမျှမှု၊ မိုးမခက ပြန်လည်တင်ဆက်သည်

ဇွန် ၅၊ ၂၀၁၀

နာရေးကူညီမှုအသင်းသားသစ်များ ကွင်းဆင်းပြီ
၃ – ၆ – ၂၀၁၀ –       ၂/၂၀၁၀ ဈာပန ပို့ဆောင်ရေးသင်တန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သား အသစ် (၃၀) ဦးတို့အား ၂၇.၅.၂၀၁၀ (ကြာသပတေး)နေ့တွင် စာတွေ့သင်တန်း သင်တန်းဆင်းပြီးနောက် ၃.၆.၂၀၁၀ (ကြာသပတေး)နေ့တွင် ဈာပနလမ်းကြောင်း သယ်ယူပို့ဆောင် ခြင်းအား ကွင်းဆင်းပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ငန်းဆောင်ရွက်စဉ် အရပ်ရပ်ကို လိုက်လံလေ့လာ သင်ယူစေခဲ့ပါသည်။

      တောင်ဥက္ကလာပမြို့နယ်၊ ၁၄/၁ ရပ်ကွက်ရှိ နာရေးအိမ်သို့  နာရေးအလောင်းအား သွားရောက် သယ်ဆောင်ရာတွင် သေဆုံးသူ၏ ရုပ်အလောင်းအား စစ်ဆေးပုံ၊ နာရေး (ကာယကံရှင်)ကို ညင်သာရိုသေ နွေးထွေးစွာ ဆက်ဆံပြောဆိုပုံ၊ စာရွက်စာတမ်းများစုံ မစုံ စစ်ဆေးပုံ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အခမဲ့ ကူညီဆောင်ရွက်ပေးမှု အတိုင်းအတာအား နာရေး (ကာယကံရှင်)တို့ကို သဘောပေါက် နားလည်မှုရှိသည်အထိ ရှင်းပြပုံ၊ အအေးခန်း ထားရှိပါက ရေဝေးသုဿန် အအေးခန်းတွင် ဆောင်ရွက်ရမည့် အချက်အလက်များအား အသင်းမှ တာဝန်ရှိသူတို့မှ လိုက်လံ အသေးစိတ် ရှင်းလင်းပြသခဲ့သည်။

      နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဦးဆောင်ဦးရွက် လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ရည်သန်ကာ ဆက်လက်ပြီး မျိုးဆက်သစ် လူမှုရေးသမားများကို မွေးထုတ်ပေးသွားမည် ဖြစ်ပါကြောင်း . . . ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts