>Daw Suu has no comment on 2010 Parties including NDF by the ex-NLDs

>

ဒေါက်တာသန်းငြိမ်းတို့၏ NDF ကို ကန့်ကွက်ခြင်း မပြုသကဲ့သို့ ထောက်ခံခြင်းလည်း မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ဘားမားပါပါရာဇီ
ဇွန် ၄၊ ၂၀၁၀
ဒေါက်တာသန်းငြိမ်း နှင့် ဦးခင်မောင်ဆွေတို့ NDF ပါတီတည်ထောင်၍ မှတ်ပုံတင်ခြင်းကိစ္စရပ် အပေါ်၌ ရှုတ်ချခြင်းလည်း မပြုသလို၊ ထောက်ခံခြင်းလည်း မပြုကြောင်း၊ ၄င်းတို့ပါတီသည် NLD ပါတီနှင့် မည်သို့မှ မသက်ဆိုင်ကြောင်း  ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည်ဟု သိရသည်။
ယမန်နေ့ညနေပိုင်းက NLD ပြောရေးဆိုခွင့်ရှိသူ ရှေ့နေ ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံစဉ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က
(၁) တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်ကို မြန်မာစစ်အစိုးရက လက်ခံတွေ့ဆုံသည်ဟု သိရောကာင်း၊ အိမ်နီးချင်းနိုင်ငံတခု အနေဖြင့် ချစ်ကြည်ရင်းနှီးမှုမှာ အလွန် အရေးကြီးသည့် အတွက် ထိုတွေ့ဆုံခြင်းအပေါ် ၀မ်းမြောက်စွာ လက်ခံပါကြောင်း၊
(၂) အမေရိကန် အထက် လွှတ်တော် အမတ်(၆)ဦးက NLD ပါတီကို လက်ရှိ တရားဝင်ပါတီအဖြစ် ထောက်ခံ အားပေးနေခြင်းကိုလည်း အထူး ကျေးဇူးတင်ရှိပါကြောင်း၊
(၃) ဦးအောင်ဆန်းဦးက စွဲဆိုခဲ့သောအမှုကိစ္စ အပေါ်၌လည်း တရားဥပဒေနှင့်အညီ ဆက်လက် ရင်ဆိုင်သွားမည် ဖြစ်ကြောင်း၊
(၄) မြန်မာပြည်သို့ လာရောက်မည်ဟု ဆိုသော အမေရိကန်နိုင်ငံ အထက်လွှတ်တော် အမတ် မစ္စတာဂျင်ဝက်ဘ် နှင့်လည်း တွေ့ဆုံခွင့်ရပါက တွေ့ဆုံ လိုပါကြောင်း၊
(၅) ၄င်း၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်ပါကြောင်း

စသည်ဖြင့် ပြောကြားသွားခဲ့သည်ဟု သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts