>Tin Ko Min Nyo – The Worm

>

တီကောင်
တင်ကိုမင်းညို
ဇွန် ၃၊ ၂၀၁၀

ထောင်သောင်းချီတဲ့ စကားလုံးတွေသာ
မရေမရာ ပေထက်အက္ခရာ တင်ခဲ့တယ် ….။ 
တူတန်တဲ့ ရင်းနှီးစွန့်လွှတ်ခြင်းမရှိ
မြင့်မြင့်မားမား ပျံသန်းဖို့ကလည်း
နှလုံးသားက မ၀ံ့ရဲ
ဆူလွယ်၊ နပ်လွယ် သင်းပင်းတွေနဲ့ နေသားကျလာတဲ့အခါ …။ 
ကိုယ့်အတ္တနဲ့ ကိုယ်တိုင်ရိုက်ချိုးခဲ့
ကျိုးသွားတဲ့ တောင်ပန်တစုံပါ …
ပထမဆုံး ကိုယ့်ကိုယ်ကိုယ် လိမ်တယ်
ယဉ်ပါးလာတော့ သမိုင်းကို လိမ်ဖို့ကြိုးစားတယ်
သူတကာတွေရဲ့ ဦးခေါင်းထက်မှာ
ဘ၀င်တောင်ပံနဲ့ စင်္ကြံ လျှောက်ဖို့ကြိုးစားတယ် …။ 
အနှစ် နှစ်ဆယ်ကျော်
မြွေမှတ်လို့
တွင်းဝင်ဖြောင့်မလား စောင့်ကြည့်တယ်
ငါတို့ကိုက ညံ့ပါတယ် …
မျက်တွင်းဟောက်ပက်
အိပ်ရေးပျက်ခဲ့တာပဲ အဖတ်တင်တယ်။     ။ 
(ဇွန်-၁၊ ၂၀၁၀)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts