>Burmese Community in SF bay started "Friends of the NLD" network to support NLD of Burma

>

၉၀ ရွေးကောက်ပွဲ အနှစ် ၂၀ မြောက်နေ့တွင် “အင်န်အယ်ဒီ၏ မိတ်ဆွေများ” (Friends of the NLD) ကွန်ယက် စတင်ကြောင်း ထုတ်ပြန်
မိုးမခအထောက်တော် ၀၀၂
မေ ၂၈၊ ၂၀၁၀
ဆန်ဖရန်စစ္စကိုဘေးဧရိယာအခြေစိုက် မြန်မာပြည်၏ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသူများနှင့် အဖွဲ့အစည်းများက ပြည်တွင်းရှိ အဓိကအတိုက်အခံပါတီဖြစ်သော အင်န်အယ်ဒီကို ထောက်ခံကြောင်း၊ ဆက်လက် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာလိုက်သည်။
ထိုကြေညာချက်တွင် မိမိတို့ တဦးချင်းအနေဖြင့်၎င်း၊ အဖွဲ့အစည်းတခုချင်းဖြင့်၎င်း မိမိတို့သည် “အင်န်အယ်ဒီ၏ မိတ်ဆွေများ” – Friends of the NLD အဖြစ် ကွန်ယက်တခု စတင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အင်န်အယ်ဒီပါတီအား ဆက်လက်ထောက်ခံရေး ၀ိုင်းဝန်းကြရန် တိုက်တွန်းကြောင်း၊ မိမိတို့နေရာအသီးသီးက စတင်ကြရန် နှိုးဆော်ကြောင်း သဘောထားထုတ်ပြန်ထားသည်။
          ယခုကွန်ယက်တွင် ပါဝင်ကြသူ အဖွဲ့အစည်းများမှာ – Burmese American Democratic Alliance (BADA), Burmese America Women Alliance (BAWA), သုံးရောင်ခြယ်အဖွဲ့ (USA), အင်န်အယ်ဒီ (အဝေးရောက်) ဆန်ဖရန်စစ္စကိုဘေးဧရိယာတို့ စတင်ပါဝင်သည်ကို တွေ့ရသည်။ ဆက်သွယ်ရန် ဖုံးနံပါတ်များလည်း ပေးထားသည် (၆၅၀ ၈၃၄ ၀၁၈၄ ။ ၄၁၅ ၄၂၄ ၅၈၁၁ ။ ၅၁၀ ၂၂၀ ၁၃၂၃)
          မကြာမီ ၎င်းတို့၏ စုပေါင်း လှုပ်ရှားမှုများ၊ တိုးပွားလာသည့် အဖွဲ့များ၊ နယ်မြေများ စသည်ဖြင့် တွေ့ရမည် မျှော်လင့်သည်ဟု ဆိုသည်။ မိုးမခမီဒီယာ၏ သရုပ်ဖော်ပုံတခုဖြစ်သော ပန်းချီ အောင်ထက်၏ ပန်းချီဖြစ်သည့် ဖော်ပြပါ ပုံကို “အင်န်အယ်ဒီ၏ မိတ်ဆွေများ” ကွန်ယက်သရုပ်ဖော်အဖြစ် သုံးထားပါသည်။
          ပဏာမ ထုတ်ပြန်ချက်များကို သည်နေရာမှာ တွေ့နိုင်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts