>Burmese Community in SF to stand together for Burmese Democracy Day

>

ဆန်ဖရန်စစ္စကိုဘေးဧရိယာက မြန်မာတွေကို ဖိတ်ခေါ်ပါတယ်
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီကို ထောက်ခံကြောင်း ပြကြပါစို့
မိုးမခရွာဆော်ကြီး
မေ ၂၆၊ ၂၀၁၀
ဆန်ဖရန်စစ္စကိုမြို့တော်က မေလ ၂၇ ကို ဗမာဒီမိုကရေစီနေ့အဖြစ် သတ်မှတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီကို ဆက်လက်ထောက်ခံတယ်။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီအဖြစ် ဆက်လက် အသိအမှတ်ပြုတယ်။ အင်န်အယ်ဒီနဲ့ ၉၀ ရွေးကောက်ပွဲကို ပစ်ပယ်တဲ့ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ရှုတ်ချတယ်။ အဲသည်လို ဆုံးဖြတ်ထားပါတယ်။
ဒါကြောင့် ဆန်ဖရန်စစ္စကိုမြို့က ဖယ်ဒရယ်ရုံးရှေ့မှာ မနက် ၁၁ နာရီက နေ့ခင်း ၁ နာရီအထိမှာ မြန်မာမိသားစုတွေနဲ့ မြန်မာပြည်ချစ်သူတွေ စုဝေးကြပြီး ဆန်ဖရန်စစ္စကိုမြို့တော်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံဆန္ဒပြကြဖို့ ဖိတ်ခေါ်ထားပါတယ်။
နိုင်ငံတကာက မြန်မာမိသားစုတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအားလုံးက တစည်းတလုံး တညီတညွတ်တည်း လက်တွဲရပ်တည်ကြပြီး “အင်န်အယ်ဒီရဲ့ မိတ်ဆွေများ” အဖြစ် ထုတ်ဖော်ပြသကြပါစို့၊ ၀ိုင်းဝန်း ထောက်ခံ အားပေး ကူညီမှုတွေ ပြုလုပ်ကြပါစို့ လို့ တိုက်တွန်းလိုက်ပါတယ်။
ထောက်ခံဆန္ဒပြပွဲ အစီအစဉ်ကို သည်နေရာက ၀က်ဆိုက်မှာ သွားကြည့်နိုင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts